အားလုံးပဲ မင်္ဂလာပါ။ ခရမ်းသီးနှပ်ဟင်းလျာကို ဒီတစ်ခါမှာတော့ တမူထူးခြားတဲ့ အရသာ မြည်းစမ်းကြည့်လို့ရဖို့အတွက် ခရမ်းချဉ်သီးနဲ့ ရောချက်နိုင်မယ့် နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းသီး အလတ်ဆိုဒ် ၃ လုံး
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ ၂ လုံး (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ခရမ်းချဉ်သီး ၂ လုံး

  • ဂျင်း အနည်းငယ်၊ နံနံပင်အနည်းငယ်
  • ငရုတ်သီး ၂ တောင့်
  • ဆားနှင့် မဆလာအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

အရင်ဦးဆုံး ခရမ်းသီးကို ကင်ရပါမယ်။

ခရမ်းသီးကို မီးဖိုပေါ်မှာ တင်ပြီး ကင်လို့လည်းရသလို၊ ဒယ်အိုးထဲထည့်ပြီး ကင်လို့လည်း ရပါတယ်။ ဒါမှမဟုတ် အကင်မီးဖိုပေါ်မှာ ကင်လို့လည်း ရပါသေးတယ်။

မိမိကြိုက်နှစ်သက်ရာ နည်းလမ်းဖြင့် ကင်ပြီးတဲ့နောက်မှာတော့ ခရမ်းသီးကို လင်ဗန်းထဲ ပြောင်းထည့်လိုက်ပါ။

ခရမ်းသီး အေးသွားပြီဆိုပါက ခရမ်းသီးအခွံကို ခွာလိုက်ပါ။ အခွံခွာပြီးတဲ့နောက်မှာ ခရမ်းသီးကို အနှစ်လေးများဖြစ်သွားအောင် ဇွန်းဖြင့် ချေမွပေးလိုက်ပါ။

ထို့နောက် ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်ကာ နုပ်နုပ်စဉ်းထားသော ကြက်သွန်နီများ ထည့်ကြော်လိုက်ပါ။

ကြက်သွန်ဖြူနှင့် ဂျင်းတို့ ထပ်ထည့်ပြီး ၁ မိနစ်ခန့် ထပ်ကြော်ပေးရပါမယ်။

ထို့နောက် ပါးပါးလှီးထားသော ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ဆားနှင့် မဆလာတို့ထည့်ကာ ဇွန်းဖြင့် ၃ မိနစ်ကနေ ၅ မိနစ်ခန့်အထိ မွှေပေးရပါမယ်။

နောက်ဆုံးအဆင့်အနေနဲ့ စောစောက ချေမွထားသော ခရမ်းသီးများကို အိုးထဲထည့်ပြီး တစ်မိနစ်ခန့် ထပ်မွှေပေးရပါမယ်။ တစ်မိနစ်ပြည့်တဲ့အခါ နံနံပင်ထပ်ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။ ပြီးရင်တော့ မီးပိတ်လိုက်လို့ရပါပြီ။ စားခါနီးကျမှ နံနံပင်လေး ထပ်ဖြူးထည့်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

ဒါဆိုရင်တော့ အရသာထူးကဲကောင်းမွန်တဲ့ ခရမ်းသီးနှပ်ဟင်းလျာလေး ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: thespruceeats.com