အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ပရိုတင်းဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ကြက်သားနဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ ပန်းဂေါ်ဖီစိမ်း၊ မုန်ညှင်းထုပ်နဲ့ မုန်လာဥနီတို့ကို အရသာရှိအောင် ရောကြော်ထားတဲ့ ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သား ၄၀၀ ဂရမ် (အနေတော် အတုံး တုံးထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မုန်ညှင်းထုပ် တစ်ဝက် (ပါးပါးလှီးထားပါ)

  • ပန်းဂေါ်ဖီစိမ်း အနည်းငယ်
  • မုန်လာဥနီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း

  • သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ အနည်းငယ် ထည့်ပါ။ ဆီပူလာပါက ကြက်သားထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ကာ ၃ မိနစ်ခန့် ကြော်လိုက်ပါ။ ၃ မိနစ်ပြည့်သွားပါက ပန်းကန်လုံးထဲသို့ ပြောင်းထည့်ထားလိုက်ပါ။

၂။ ထို့နောက် ဒယ်အိုးထဲသို့ ဆီအနည်းငယ် ထပ်ထည့်ပါ။ ဆီပူလာပါက ဂျင်းထည့်ပြီး ဆီသတ်ပါ။ ထို့နောက် မုန်ညှင်းထုပ်၊ ပန်းဂေါ်ဖီစိမ်းနှင့် မုန်လာဥနီတို့ထည့်ကာ ၂ မိနစ်ခန့် ကြော်ပါ။

၃။ ထို့နောက် ရေ အနည်းငယ် (စားပွဲတင်ဇွန်း ၂ ဇွန်းခန့်) ထည့်ပါ။ ကြက်သွန်ဖြူ၊ ငါးငံပြာရည်၊ ပဲငံပြာရည်၊ သံပုယိုရည်တို့ထည့်ကာ သမအောင် ရောမွှေပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ ကြက်သားကြော်များ ပြန်ထည့်ကာ ၂ မိနစ်ခန့် သမအောင် ရောကြော်လိုက်ပါ။ အားလုံးနှံ့အောင် ကြော်ပြီးတဲ့အခါမှာတော့ နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် ဆမ်းထည့်လိုက်ပါ။

ထို့နောက် မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဟင်းရွက်စုံ ကြက်သားကြော်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Irenamacri.com