သီးစုံ အသားစွပ်ပြုတ်ပူပူလေးတစ်ခွက်က ကုန်ဆုံးသွားတဲ့ အားအင်များကို ပြန်လည်ဖြည့်တင်းပေးပြီး အာဟာရပြည့်ဝအောင် ကူညီဆောင်ရွက်ပေးပါတယ်။ ထမင်းစားတဲ့အခါ စွပ်ပြုတ်ပူပူလေး တစ်ခွက်နဲ့ တွဲဖက်စားသုံးချင်သူများအတွက် ဟင်းသီးဟင်းရွက်စုံ အမဲသားစွပ်ပြုတ် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • အမဲပြုတ်ရည် ၁ လီတာ
  • အာလူး ၂ လုံး (အခွံခွာပြီး အတုံးငယ် တုံးထားပါ)

  • ခရမ်းချဉ်သီးဆော့စ် ၈ အောင်စ
  • ခရမ်းချဉ်သီး ၁၄ အောင်စ (လေးထောင့်အတုံးငယ် တုံးထားပါ)
  • မိမိကြိုက်နှစ်သက်ရာ အခြားဟင်းသီးဟင်းရွက်များ
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ စွပ်ပြုတ်အိုးအကြီးတစ်လုံးထဲတွင် အမဲသားများထည့်ပြီး အညိုရောင် ပြောင်းသွားသည်အထိ မွှေကြော်ပေးလိုက်ပါ။

၂။ ထို့နောက် ကြက်သွန်နီထည့်ကာ ၃ မိနစ်ခန့် မွှေကြော်လိုက်ပါ။ ကြက်သွန်ဖြူထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။

၃။ ထို့နောက် အမဲပြုတ်ရည်နှင့် အာလူးတို့ထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ထားပါ။ ၅ မိနစ်ခန့် ကြာပြီးနောက်မှာတော့ ခရမ်းချဉ်သီးဆော့စ်၊ ခရမ်းချဉ်သီးနှင့် အခြားဟင်းသီးဟင်းရွက်များထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ပါ။

၄။ အာလူးနှင့် ဟင်းသီးဟင်းရွက်များ နူးအိသွားတဲ့အခါမှာတော့ ဆားနှင့် ငရုတ်ကောင်းမှုန့်ထည့်ကာ အရသာအပေါ့အငန် မြည်းကြည့်လိုက်ပါ။

မီးဖိုပေါ်က ချခါနီးကျမှ ရှလကာရည်လေး ထည့်ကာ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဟင်းရွက်စုံ အမဲစွပ်ပြုတ်လေး ရရှိသွားပါပြီ။

Source: Southernbite.com