အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ မုန်လာဥနီ ဥဖြူ ရောကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဂျင်းပြား ၃ ပြား (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (ဓားပြားရိုက်ပြီး ပါးပါးလှီးထားပါ)
  • မုန်လာဥနီ ၁ လုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • မုန်လာဥဖြူ ၁ ပေါင်ခွဲ (အခွံခွာပြီး အချောင်းလိုက် ပါးပါးလှီးထားပါ)

  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲနှင့် ရေ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • နှမ်းဆီနှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်စီ
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဂျင်းနှင့် ကြက်သွန်ဖြူတို့ထည့်ပြီး စက္ကန့် ၂၀ ခန့် ဆီသတ်ပါ။

၂။ ထို့နောက် မုန်လာဥနီချောင်းများ ထည့်ကာ စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။ ပြီးတာနဲ့ မုန်လာဥဖြူ ထည့်ပြီး မီးပြင်းပြင်းဖြင့် စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ဟင်းချက်ဝိုင်၊ ခရုဆီ၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ၊ ဆား၊ ရေနှင့် ကြက်သွန်မြိတ်ရဲ့ ဖြူသောအစိတ်အပိုင်းတို့ထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။

၄။ ထို့နောက် မီးအပူချိန်ကို အလယ်အလတ်သို့ လျော့ချလိုက်ကာ အဖုံးအုပ်ထားပြီးနောက် ၅ မိနစ်၊ ၈ မိနစ်ခန့် တည်ထားလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်ပါက အိုးအဖုံးဖွင့်ပြီးနောက် ကြက်သွန်မြိတ်အစိမ်းများ ထည့်ပေးလိုက်ပါ။ သမအောင် မွှေကြော်ပြီးတဲ့နောက်မှာတော့ မီးဖိုပေါ်ကချကာ ပန်းကန်လုံးထဲ ပြောင်းထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ မုန်လာဥနီ မုန်လာဥဖြူရောကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Thewoksoflife.com