အားလုံးပဲ မင်္ဂလာပါ။ အခုတစ်ခါ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် အချိန်ပေးရုံနဲ့ လွယ်လွယ်ကူကူလည်း ချက်ပြုတ်နိုင်သလို အရသာလည်း ထူးကဲကောင်းမွန်တဲ့ အာလူး ကြက်ဥမွှေကြော်ဟင်းလျာပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
- အာလူး ၃ လုံး
- ကြက်သွန်နီ ၁ ဥ
- ငရုတ်ပွ အသေးတစ်တောင့်
- ကြက်ဥ ၆ လုံး
- ငရုတ်ကောင်းမှုန့် အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ကြက်ဥ ၆ လုံးကို ငရုတ်ကောင်းမှုန့်အနည်းငယ်ဖြင့် သမအောင် မွှေခလောက်ထားပါ။
အာလူး ၃ လုံးကို အခွံခွာပြီးနောက် ရေဆေးပါ။ ထို့နောက် လေးထောင့်အတုံးငယ်များ တုံးထားလိုက်ပါ။
ကြက်သွန်နီကိုတော့ အာလူးအတုံးထက် ပိုသေးအောင် တုံးထားပါ။ ငရုတ်ပွကိုလည်း လေးထောင့်အတုံးငယ် တုံးထားပေးလိုက်ပါ။
၂။ ဒယ်အိုးကို အပူပေးပြီး ထောပတ်ကို အရည်ဖျော်လိုက်ပါ။
၃။ ထောပတ် အရည်ပျော်သွားတဲ့အခါမှာတော့ အာလူး၊ ကြက်သွန်နီနှင့် ငရုတ်ပွတို့ ထည့်ကာ ၇ မိနစ်၊ ၈ မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၄။ ကြက်သွန်နီကလည်း ပျော့သွားပြီ၊ အာလူးကလည်း ရွှေညိုရောင် ပြောင်းသွားပြီဆိုရင်တော့ မွှေခလောက်ထားသော ကြက်ဥများ ထည့်ကာ မွှေကြော်ပေးလိုက်ပါ။
၃ မိနစ်ခန့် မွှေကြော်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ အာလူး ကြက်ဥမွှေကြော်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။
Source: Myfoodandfamily.com