အားလုံးပဲ မင်္ဂလာပါ။ ထမင်းမြိန်စေဖို့အတွက် ဒီတစ်ခါမှာတော့ အရသာရှိတဲ့ မှိုစွပ်ပြုတ်ဟင်းရည် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မှို ၅ ပွင့် (ပါးပါးလှီးထားပါ)
  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
  • ရေ ၁ လီတာ
  • ဂျင်း ၄ ပြား
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • နှမ်းဆီအနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲသို့ ရေထည့်ပြီးနောက် ဂျင်းနှင့် မှိုတို့ထည့်ကာ ၇ မိနစ်ခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၂။ ဆားထပ်ထည့်ကာ နောက်ထပ် ၂ မိနစ်ခန့် ထပ်တည်ထားပါ။

၃။ မီးအပူချိန်ကို အလယ်အလတ်အပူချိန်သို့ ပြောင်းကာ ကြက်ဥ လောင်းထည်ကာ တစ်မိနစ်ခန့် တည်ထားလိုက်ပါ။

၄။ ထို့နောက် ကြက်သွန်မြိတ်ထည့်ကာ အနည်းငယ်မွှေပေးလိုက်ပါ။

၅။ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက်မှာ ဟင်းရည်ပန်းကန်လုံးထဲသို့ ပြောင်းထည့်လိုက်ပါ။ နှမ်းဆီအနည်းငယ်ထည့်ပြီးနောက် ငရုတ်ကောင်းမှုန့်ထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ မှိုစွပ်ပြုတ်ဟင်းရည်လေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်လိုက်ပါ။

Source: Spicetheplate.com