အစားအသောက်ပြင်ဆင်ချက်ပြုတ်ရတာ ဝါသနာပါတဲ့ အိမ်တွင်းစားဖိုမှုးတွေအတွက်ရော၊ အစားအသောက်စားသောက်ရတာ ပျော်မွေ့တဲ့ Foodies လေးတွေအတွက်ရော ဒီတစ်ခေါက်ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ဟင်းနုနွယ် အစာသွပ်ကြက်ကြော်ပြုလုပ်နည်းပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
Photo Source: www.freep.com
- အရိုးနှင့် အရေခွံမပါသည့် ကြက်ရင်အုံသား ၂ တုံး
- အရွက်ချွေထားသော ဟင်းနုနွယ် ပန်းကန်လုံး ၄ ပုံ ၃ ပုံခန့်
- ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
- ကြက်သွန်ဖြူ ၂ မွှာ (ပါးပါးလှီးထားပါ)
Photo Source: simply-bbq.com
- ချိစ်ပြား ၆ ချပ်
- သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
- ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
- ဆားအနည်းငယ်
- ငရုတ်ကောင်းမှုန့် အနည်းငယ်
ပြုလုပ်နည်းအဆင့်ဆင့်
ဒယ်အိုးထဲမှာ သံလွင်ဆီ အနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဟင်းနုနွယ်ထည့်ကာ ၇ မိနစ်ခန့် ကြော်ပေးလိုက်ပါ။
ကြက်ရင်အုံသားကို ရေစင်အောင်ဆေးပြီး ခြောက်သွေ့အောင် အဝတ်စသန့်သန့်လေးနဲ့ သုတ်ပေးလိုက်ပါ။ ပြီးတဲ့အခါ ကြက်ရင်အုံးသားကို ဓားလေးနဲ့ဖွင့်လိုက်ပြီး ပလစ်စတစ်လေးခံကာ အသားတုံးထုတဲ့ အလေးနဲ့ ထုပေးလိုက်ပါ။
ဟင်းနုနွယ်ကြော်ကို ကြက်သားပေါ်တင်ပြီး ကြက်သားတစ်ဝက်အထိ ဖြန့်ပေးလိုက်ပါ။
ချိစ်ပြား ၃ ပြားကို ဟင်းနုနွယ်ရွက်ပေါ်တင်ပြီး ကြက်သားကို ပြန်ပိတ်ပေးလိုက်ပါ။
ထို့နောက် ဟင်းနုနွယ်နဲ့ ချိစ်များ အပြင်မထွက်အောင်လို့ သွားကြားထိုးတံ ၃ ချောင်းနဲ့ ပိတ်လှောင်ထားလိုက်ပါ။
ဒယ်အိုးကို အပူပေးပြီးနောက် ဆီအနည်းငယ်ထပ်ထည့်ပြီး ထောပတ်ထည့်ကာ ကြက်သားတုံးများကို ထည့်ကြော်ပေးလိုက်ပါ။ ကြက်သားများ ရွှေညိုရောင်ပြောင်းသွားပြီဆိုရင်တော့ အခြားတစ်ဖက်ကို လှန်ပြီး ဆက်ကြော်ပေးလိုက်ပါ။ ကြက်သားတုံးကောင်းကောင်း ကျက်သွားပြီဆိုမှ ဒယ်အိုးပေါ်က ချလိုက်ပါ။
ပြီးရင်တော့ အတုံးသေးသေးလှီးဖြတ်ပြီး ထမင်းနဲ့သုံးဆောင်လို့ရပါပြီ။
Source: www.mydeliciousmeals.com