အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက လူသားတွေအတွက် သဘာဝဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။ ထိုအစိမ်းရောင် ဟင်းရွက်တွေထဲကမှ ကိုက်လန်က ကလိုရိုဖီးလ်၊ မဂ္ဂနီစ်၊ ကယ်လ်စီယမ်နှင့် ဗီတာမင် ဘီတို့ ကြွယ်ဝစွပါဝင်ပါတယ်။ အရိုးကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်သလို ကင်ဆာရောဂါ ဖြစ်ပွားခြင်းမှလည်း ကြိုတင်ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက်ဟင်းရွက်တစ်မျိုးပဲဖြစ်ပါတယ်။

ထိုဟင်းရွက်ကို ဖျော်ရည်အနေနဲ့ လုပ်သောက်ချင်သူများအတွက် ကိုက်လန် Smoothie ဖျော်ရည် ဖျော်စက်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီး ၂ လုံး (အခွံခွာပြီး ပါးပါးလှီးထားပါ)
  • လိမ္မော်ရည် စားပွဲတင်ဇွန်း ၃၂ ဇွန်း
  • ကိုက်လန်ရွက် ပန်းကန်လုံးအသေး ၁ လုံးခွဲစာ
  • တရုတ်နံနံနှင့် ရှမ်းနံနံ အနည်းငယ်
  • ပင်စိမ်းရွက်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကန်ုလန်၊ တရုတ်နံနံ၊ ရှမ်းနံနံနှင့် ပင်စိမ်းရွက်တို့ကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောထားပါ။

၂။ ထို့နောက် ထိုဟင်းရွက်များအပါအဝင်၊ လိမ္မော်ရည်နှင့် ငှက်ပျောသီးတို့ကို ဖျော်စက်ထဲထည့်ကာ ၁၀ စက္ကန့်မှ စက္ကန့် ၂၀ ခန့် မွှေဖျော်လိုက်ပါ။

ရေအနည်းငယ်လိုအပ်ပါက ထပ်ထည့်ပေးနိုင်ပါတယ်။

ဖျော်ရည်အေးအေးလေး သောက်ချင်သူများအနေနဲ့ ရေခဲတုံးအနည်းငယ် ထည့်သောက်နိုင်ပါတယ်။ ဒါမှမဟုတ် ရေခဲသေတ္တာထဲ အအေးခံထည့်သိမ်းထားချင်လည်း ထည့်ထားနိုင်ပါတယ်။

ဒါဆိုရင်တော့ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး အရသာရှိတဲ့ ကိုက်လန် Smoothie ဖျော်ရည်တစ်ခွက် ရရှိသွားပါပြီ။

Source: Thespruceeats.com