[Unicode]

အစာစားပြီးတာ သိပ်မကြာပေမယ့် ခဏနေရင် ဗိုက်ပြန်ဆာလိုက်၊ မကြာခဏဆိုသလို အစာစားချင်လိုက်ဖြစ်နေရင် သင်ဝိတ်တက်လာမှာသေချာပါတယ်။

ဒါ့ကြောင့် ဒီလိုပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ အစာစားပြီး တစ်နာရီခြားတခါ ရေသောက်ပါ

စားပြီးပြီဆိုပေမယ့် ခဏနေရင် ဗိုက်ပြန်ပြန်စာနေတယ်ဆိုရင ဖြေရှင်းဖို့ တစ်နည်းကတော့ ရေသောက်တဲ့ အကျင့်ကို လုပ်ပါ။ ရေသောက်ပါ။ မနက်ဖက်မှာ ရေအဝသောက်ပါ။ အစာမစားခင် နာရီဝက်အလိုမှာလည်း ရေသောက်ပါ။ အစာစားပြီး တစ်နာရီကြာရင်လည်း ရေသောက်ပါ။

၂။ ကာဘွန်ဟိုက်ဒရိတ်ပါတဲ့ အမြန်စားအစားကို ရှောင်ပါ

ကာဘွန်ဟိုက်ဒရိတ်ပါတဲ့ အမြန်စားအစားတွေ ၊ အသင့်စား အစားအစာတွေဟာ သင့်ကို ဝစေသလို ခဏခဏလည်းစားမိစေပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာကို စားပါ။

၃။ အိပ်ရေးဝဝအိပ်ပါ

အိပ်ရေး မဝတာဟာလည်း သင့်ကို မကြာခဏဆိုသလို ဗိုက်ဆာစေပါတယ်။ ဒါ့ကြောင့် အိပ်ရေးဝဝအိပ်ပါ။ ညသန်းခေါင်အထိမအိပ်ဘဲ မနေပါနဲ့။

၄။ စိတ်ဖိစီးမှုကို လျှော့ချပါ

စိတ်ဖိစီးမှုကို လျှော့ချပြီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ဖိစီးမှုများတာဟာ အစားခဏခဏ စားမိစေပါတယ်။

၅။ အမြည်း (သို့) သရေစာ များများမစားပါနဲ့

သင် ဝိုင် (သို့) အရက်သောက်တဲ့အခါမှာ အမြည်း (သို့) သရေစာများများစားတာမျိုး မလုပ်ပါနဲ့။ ပေါ့ပေါ့ပါးပါးရှိတဲ့ သရေစာကို ရွေးချယ်ပါ။

၆။ ပရိုတင်းဓာတ် စားဖို့မမေ့ပါနဲ့

အထူးသဖြင့် ဝိတ်ချနေတဲ့သူတွေဟာ အသီးအနှံကိုပဲ များများစားကြပါတယ်။ ဒါဟာ မကောင်းတာတော့မဟုတ်ပေမယ့် သင့်ခန္ဓာကိုယ်က ပရိုတင်းဓာတ်လိုအပ်တယ်ဆိုတာ သတိရသင့်ပါတယ်။ ဒိန်ချဉ်၊ ကြက်ဥ၊ ကြက်သား စတဲ့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာကို စားလိုက်ပါ။

၇။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီစားပါ

အမြန်စားအစားအစာတွေမှာပါတဲ့ အဆီတွေမဟုတ်ဘဲ အခွံမာသီးတွေမှာပါတဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ Omega 3 Fatty Acid အဆီဓာတ်ကို စားသုံးသင့်ပါတယ်။

၈။ လမ်းသွားရင်း မုန့်စားတာမျိုး ရှောင်ပါ

လမ်းသွားရင်း မုန့်စားတာမျိုး၊ အစာစားတာမျိုးကို ရှောင်ပေးပါ။ ထမင်းစားပွဲပေါ်မှာ မိသားစုနဲ့ စုံစုံလင်လင် စားတဲ့ အကျင့်ကို ပျိုးထောင်ပါ။ မှန်မှန်နဲ့ ညှက်ညှက်ဝါးပါ။

[Zawgyi]

အစာစားၿပီးတာ သိပ္မၾကာေပမယ့္ ခဏေနရင္ ဗိုက္ျပန္ဆာလိုက္၊ မၾကာခဏဆိုသလို အစာစားခ်င္လိုက္ျဖစ္ေနရင္ သင္ဝိတ္တက္လာမွာေသခ်ာပါတယ္။

ဒါ့ေၾကာင့္ ဒီလိုျပႆနာကို ေျဖရွင္းႏိုင္ဖို႔အတြက္ နည္းလမ္းေကာင္းေတြကို မွ်ေဝေပးခ်င္ပါတယ္။

၁။ အစာစားၿပီး တစ္နာရီျခားတခါ ေရေသာက္ပါ

စားၿပီးၿပီဆိုေပမယ့္ ခဏေနရင္ ဗိုက္ျပန္ျပန္စာေနတယ္ဆိုရင ေျဖရွင္းဖို႔ တစ္နည္းကေတာ့ ေရေသာက္တဲ့ အက်င့္ကို လုပ္ပါ။ ေရေသာက္ပါ။ မနက္ဖက္မွာ ေရအဝေသာက္ပါ။ အစာမစားခင္ နာရီဝက္အလိုမွာလည္း ေရေသာက္ပါ။ အစာစားၿပီး တစ္နာရီၾကာရင္လည္း ေရေသာက္ပါ။

၂။ ကာဘြန္ဟိုက္ဒရိတ္ပါတဲ့ အျမန္စားအစားကို ေရွာင္ပါ

ကာဘြန္ဟိုက္ဒရိတ္ပါတဲ့ အျမန္စားအစားေတြ ၊ အသင့္စား အစားအစာေတြဟာ သင့္ကို ဝေစသလို ခဏခဏလည္းစားမိေစပါတယ္။ ဒါ့ေၾကာင့္ က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ အစားအစာကို စားပါ။

၃။ အိပ္ေရးဝဝအိပ္ပါ

အိပ္ေရး မဝတာဟာလည္း သင့္ကို မၾကာခဏဆိုသလို ဗိုက္ဆာေစပါတယ္။ ဒါ့ေၾကာင့္ အိပ္ေရးဝဝအိပ္ပါ။ ညသန္းေခါင္အထိမအိပ္ဘဲ မေနပါနဲ႔။

၄။ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ပါ

စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ၿပီး ကိုယ္လက္ေလ့က်င့္ခန္းလုပ္ပါ။ စိတ္ဖိစီးမႈမ်ားတာဟာ အစားခဏခဏ စားမိေစပါတယ္။

၅။ အျမည္း (သို႔) သေရစာ မ်ားမ်ားမစားပါနဲ႔

သင္ ဝိုင္ (သို႔) အရက္ေသာက္တဲ့အခါမွာ အျမည္း (သို႔) သေရစာမ်ားမ်ားစားတာမ်ိဳး မလုပ္ပါနဲ႔။ ေပါ့ေပါ့ပါးပါးရွိတဲ့ သေရစာကို ေရြးခ်ယ္ပါ။

၆။ ပရိုတင္းဓာတ္ စားဖို႔မေမ့ပါနဲ႔

အထူးသျဖင့္ ဝိတ္ခ်ေနတဲ့သူေတြဟာ အသီးအႏွံကိုပဲ မ်ားမ်ားစားၾကပါတယ္။ ဒါဟာ မေကာင္းတာေတာ့မဟုတ္ေပမယ့္ သင့္ခႏၶာကိုယ္က ပရိုတင္းဓာတ္လိုအပ္တယ္ဆိုတာ သတိရသင့္ပါတယ္။ ဒိန္ခ်ဥ္၊ ၾကက္ဥ၊ ၾကက္သား စတဲ့ ပရိုတင္းဓာတ္ၾကြယ္ဝတဲ့ အစားအစာကို စားလိုက္ပါ။

၇။ က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ အဆီစားပါ

အျမန္စားအစားအစာေတြမွာပါတဲ့ အဆီေတြမဟုတ္ဘဲ အခြံမာသီးေတြမွာပါတဲ့ က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ Omega 3 Fatty Acid အဆီဓာတ္ကို စားသံုးသင့္ပါတယ္။

၈။ လမ္းသြားရင္း မုန္႔စားတာမ်ိဳး ေရွာင္ပါ

လမ္းသြားရင္း မုန္႔စားတာမ်ိဳး၊ အစာစားတာမ်ိဳးကို ေရွာင္ေပးပါ။ ထမင္းစားပြဲေပၚမွာ မိသားစုနဲ႔ စံုစံုလင္လင္ စားတဲ့ အက်င့္ကို ပ်ိဳးေထာင္ပါ။ မွန္မွန္န႔ဲ ညွက္ညွက္ဝါးပါ။