အားလုံးပဲ မင်္ဂလာပါ။ အာလူးစပ်စပ်လေး စားချင်သူများအတွက် ဒီတစ်ခါမှာတော့ ငရုတ်သီးစပ်စပ်လေးနဲ့ ကြော်ထားတဲ့ အာလူးကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး အလုံးသေး ၄၀၀ ဂရမ်
  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်သီးအနှစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် ၃ ပင် ( ၁ လက်မအရှည် လှီးဖြတ်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးကို အခွံခွာပြီးနောက် အာလူးပေါ်မှ အမဲစက်များကို ဖယ်ရှားလိုက်ပါ။

၂။ အာလူးအတုံးများကို ဒန်အိုးထဲထည့်ပြီးနောက် အာလူးမြှုပ်သွားသည်အထိ ရေထည့်ပါ။ ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပြီးနောက် ၁၅ မိနစ်ခန့် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၃။ (၁၅) မိနစ်ပြည့်သွားပြီဆိုရင်တော့ အာလူးများကို ဆယ်ယူကာ ရေခဲရေထဲတွင် အအေးခံထားလိုက်ပါ။ ထို့နောက် အနေတော်အတုံး လှီးဖြတ်ထားလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး နေကြာဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။ ငရုတ်သီးအနှစ်ထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်ဖြူထည့်ပြီး အနံ့မွှေးလာသည်အထိ ထပ်မံဆီသတ်ပေးလိုက်ပါ။

၅။ ထို့နောက် အာလူးအတုံးနှင့် ကြက်သွတ်မြိတ်တို့ထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။ ငရုတ်နှစ်များ အာလူးအနှံ့ ညီညီညာညာပျံ့နှံ့သွားပြီဆိုရင်တော့ ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်လို့ရပါပြီ။

Source: Chinasichuanfood.com