အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ မုန်ညှင်း ကြက်သားဟင်းစပ်စပ်လေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၄၅၀ ဂရမ် (အနေတော်အတုံး တုံးထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ဂျင်း ၂ ပြား (နုပ်နုပ်စဉ်းထားပါ)

  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • အုန်းနို့ ၂၃၅ မီလီလီတာ
  • မုန်ညှင်းရွက် ၁ စည်း
  • နံနံပင် လက်တစ်ဆုပ်စာခန့် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားကို အတုံးသေးသေးတုံးထားပြီးနောက် ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူနျင့် ဂျင်းတို့ထည့်ကာ တစ်မိနစ်ခန့် ဆီသတ်ပေးရပါမယ်။ အနံ့မွှေးလာပါက ငရုတ်နှစ်များထည့်ကာ တစ်မိနစ်ခန့် မွှေပေးလိုက်ပါ။

၃။ မီးအပူချိန်ကို မြှင့်ပြီးတဲ့နောက်မှာ ကြက်သားတုံးများထည့်ပြီး ရွှေညိုရောင်သမ်းလာသည်အထိ ချက်ပေးလိုက်ပါ။ ပြီးရင်တော့ အုန်းနို့ထည့်ကာ ဆူပွက်လာသည်အထိ တည်ပေးရပါမယ်။

၄။ (၅) မိနစ်ခန့် စောင့်ပြီးတဲ့နောက်မှာတော့ အုန်းနို့ရည်က ဆူပွက်လာပါလိမ့်မယ်။ ထိုအချိန်ကျမှ မုန်ညှင်းရွက်များထည့်ကာ တစ်မိနစ်၊ နှစ်မိနစ်ခန့် ချက်ပြုတ်ပေးလိုက်ပါ။

နောက်ဆုံးမှာတော့ ထမင်းနဲ့ အင်မတန်မှလိုက်ဖက်တဲ့ မုန်ညှင်း ကြက်သားဟင်းအစပ်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Thewoksoflife.com