တစ်ခါတစ်လေ ချက်နေကျ စားနေကျ အစားအစားတွေကို သမရိုးကျပဲလိုမှတ်သော အမှတ်တမယ့် အသီးအနှံ့သစ်ဥသစ်ဖုများ မှာ ကျမ်းမာရေးအတွက် အင်မတန် ကောင်းမွန်ပါတယ်။ ကြက်သွန်နီ ကို အစိမ်း သုပ်စားနိုင်ရင်ပိုကောင်းပါတယ်။ ကျမ်းမာရေးအတွက် တိုက်ရိုက်ကူညီပံပိုးထောက်ပံပေးနိုင်သော ဥဖြစ်ပါတယ်။
- ကြက်သွန်နီ – ၁ လုံး (ပါးပါးအကွင်းလေးတွေလှီးထားပါ)
- ချယ်ရီးခရမ်းချဉ်သီး – ၁၅ လုံး (ရိုးရိုး ခရမ်းချဉ်သီးလဲသုံးလို့၇ပါတယ်)
- ငရုတ်သီး – ၂ တောင့် (အစေ့ထုပ်ပြီး သေးသေးလေးတွေလှီးထားပါ)
- Belgian endive – ၂ ထုပ် (အရွက်လေးတွေ အနေတော် ပိုင်းထားပါ)
- ပုူစီနံ – ၂ ပင် (အရွက်တွေချွေထားပါ)
- ဆား – အနည်းငယ် (မထည့်လဲရပါတယ်)
- ပုဇွန်ခြောက်မှုန့် – ၁ ဇွန်း ခွဲ (စားပွဲဇွန်း)
- သံပုရာရည် – ၂ ဇွန်း (စားပွဲဇွန်း/လိုသလောက်ပဲ ထည့်ပါ)
- သံလွင်ဆီ – ၂ ဇွန်း ခွဲ (လက်ဖက်ဇွန်း)
- ငရုတ်ကောင်းမှုန့် – အနည်းငယ်
ပြုလုပ်နည်း
- ဖန်ဇလုံထဲ ပါဝင်ပစ္စည်းများ အားလုံး ထည့်ပြီး ခတ်ဖွဖွလေး လက်ဖြင့် မွှေပါ ။
- ချက်ချင်း သုံးဆောင်ပါ ။ ပေါင်မုန့် ၊ ကြက်ကင် တို့နှင့် တွဲစားလျှင်လဲ လိုက်ဖက်ပါတယ်။