တစ်ခါတစ်လေ ချက်နေကျ စားနေကျ အစားအစားတွေကို သမရိုးကျပဲလိုမှတ်သော အမှတ်တမယ့် အသီးအနှံ့သစ်ဥသစ်ဖုများ မှာ ကျမ်းမာရေးအတွက် အင်မတန် ကောင်းမွန်ပါတယ်။ ကြက်သွန်နီ ကို အစိမ်း သုပ်စားနိုင်ရင်ပိုကောင်းပါတယ်။ ကျမ်းမာရေးအတွက် တိုက်ရိုက်ကူညီပံပိုးထောက်ပံပေးနိုင်သော ဥဖြစ်ပါတယ်။

ပါဝင်ပစ္စ့ည်းများ
10550052_1141209562557019_8321736651250313456_o

  • ကြက်သွန်နီ  –  ၁ လုံး (ပါးပါးအကွင်းလေးတွေလှီးထားပါ)
  • ချယ်ရီးခရမ်းချဉ်သီး   –  ၁၅ လုံး (ရိုးရိုး ခရမ်းချဉ်သီးလဲသုံးလို့၇ပါတယ်)
  • ငရုတ်သီး   –  ၂ တောင့် (အစေ့ထုပ်ပြီး သေးသေးလေးတွေလှီးထားပါ)
  • Belgian endive   –  ၂ ထုပ် (အရွက်လေးတွေ အနေတော် ပိုင်းထားပါ)
  • ပုူစီနံ   –  ၂ ပင် (အရွက်တွေချွေထားပါ)
  • ဆား   –  အနည်းငယ် (မထည့်လဲရပါတယ်)
  • ပုဇွန်ခြောက်မှုန့်  –  ၁ ဇွန်း ခွဲ (စားပွဲဇွန်း)
  • သံပုရာရည်  –  ၂ ဇွန်း (စားပွဲဇွန်း/လိုသလောက်ပဲ ထည့်ပါ)
  • သံလွင်ဆီ   –  ၂ ဇွန်း ခွဲ (လက်ဖက်ဇွန်း)
  • ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ပြုလုပ်နည်း

  1. ဖန်ဇလုံထဲ ပါဝင်ပစ္စည်းများ အားလုံး ထည့်ပြီး ခတ်ဖွဖွလေး လက်ဖြင့် မွှေပါ ။
  2. ချက်ချင်း သုံးဆောင်ပါ ။  ပေါင်မုန့် ၊ ကြက်ကင် တို့နှင့် တွဲစားလျှင်လဲ လိုက်ဖက်ပါတယ်။