(Unicode)
ဂျပန်လူမျိုးတွေက ဟင်းချက်တဲ့အခါ အရသာပိုရှိအောင်ဆိုပြီး ဝိုင်နီကို အသုံးပြုလေ့ရှိကြပါတယ်။ ဒီတစ်ခါမှာလည်း ဝိုင်နီအသုံးပြုပြီး အမဲသားဟင်း ဘယ်လိုချက်မလဲဆိုတာကို ဝေမျှပေးလိုက်တယ်နော်။
ပါဝင်ပစ္စည်းများ
- အမဲသား ၄၀၀ ဂရမ် (အနေတော် အတုံးတုံးထားပါ)
- ဝိုင်နီ ၂၅၀ မီလီလီတာ
- ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်သွန်နီ ၂ လုံး (အခွံခွာပြီး ပါးပါးလှီးထားပါ)
- မုန်လာဥနီ ၂ လုံး၊ ၃ လုံးခန့် (အခွံခွာပြီး အတုံးခပ်သေးသေးတုံးထားပါ)
- ခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
- ရေ ၁ လီတာ
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အမဲသားတုံးများကို ပန်းကန်လုံးထဲထည့်ပြီး ဝိုင်နီ၊ ပျားရည်နှင့် ပဲငံပြာရည်တို့ဖြင့် အနည်းဆုံးတစ်နာရီခန့် စိမ်ထားလိုက်ပါ။ (အချိန်ရမယ်ဆိုရင်တော့ တစ်ညလောက်စိမ်ထားလိုက်ပါ)
၂။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ကာ ကြက်သွန်နီ၊ မုန်လာဥနီတို့ထည့်ကာ တစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၃။ ထို့နောက် ခရမ်းချဉ်သီးအနှစ်ထည့်ပြီး သမအောင် ထပ်မွှေပေးလိုက်ပါ။ ပြီးရင်တော့ အမဲသားတုံးများ ထည့်ပေးလိုက်လို့ရပါပြီ။
၄။ အမဲသားများနှင့် မုန်လာဥများကို သမအောင် မွှေပြီးတဲ့အခါမှာတော့ ရေ ၁ လီတာခန့်ထည့်ပြီး တစ်နာရီ၊ တစ်နာရီခွဲခန့် တည်ထားလိုက်ပါ။
အမဲသားတုံးများ နူးအိသွားပြီဆိုရင်တော့ ဆားနှင့် ငရုတ်ကောင်းအနည်းငယ်တို့ ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။
အားလုံးပြီးသွားပြီဆိုရင်တော့ ဂျပန်စတိုင်လ် အမဲသားဟင်းလေး ရရှိသွားပါပြီ။ ထမင်းနဲ့ အတူတူအရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါပြီ။
Source: Asianfoodchannel.com
(Zawgyi)
ဂ်ပန္လူမ်ိဳးေတြက ဟင္းခ်က္တဲ့အခါ အရသာပိုရွိေအာင္ဆိုၿပီး ဝိုင္နီကို အသံုးျပဳေလ့ရွိၾကပါတယ္။ ဒီတစ္ခါမွာလည္း ဝိုင္နီအသံုးျပဳၿပီး အမဲသားဟင္း ဘယ္လိုခ်က္မလဲဆိုတာကို ေဝမွ်ေပးလိုက္တယ္ေနာ္။
ပါဝင္ပစၥည္းမ်ား
- အမဲသား ၄၀၀ ဂရမ္ (အေနေတာ္ အတံုးတံုးထားပါ)
- ဝိုင္နီ ၂၅၀ မီလီလီတာ
- ပဲငံျပာရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း
- ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္း
- ၾကက္သြန္နီ ၂ လံုး (အခြံခြာၿပီး ပါးပါးလွီးထားပါ)
- မုန္လာဥနီ ၂ လံုး၊ ၃ လံုးခန္႔ (အခြံခြာၿပီး အတံုးခပ္ေသးေသးတံုးထားပါ)
- ခရမ္းခ်ဥ္သီးအႏွစ္ စားပြဲတင္ဇြန္း ၁ ဇြန္း
- ေရ ၁ လီတာ
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ အမဲသားတံုးမ်ားကို ပန္းကန္လံုးထဲထည့္ၿပီး ဝိုင္နီ၊ ပ်ားရည္ႏွင့္ ပဲငံျပာရည္တို႔ျဖင့္ အနည္းဆံုးတစ္နာရီခန္႔ စိမ္ထားလိုက္ပါ။ (အခ်ိန္ရမယ္ဆိုရင္ေတာ့ တစ္ညေလာက္စိမ္ထားလို္က္ပါ)
၂။ ဒယ္အိုးကို အပူေပးၿပီး ဆီအနည္းငယ္ထည့္ကာ ၾကက္သြန္နီ၊ မုန္လာဥနီတို႔ထည့္ကာ တစ္မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။
၃။ ထို႔ေနာက္ ခရမ္းခ်ဥ္သီးအႏွစ္ထည့္ၿပီး သမေအာင္ ထပ္ေမႊေပးလိုက္ပါ။ ၿပီးရင္ေတာ့ အမဲသားတံုးမ်ား ထည့္ေပးလိုက္လို႔ရပါၿပီ။
၄။ အမဲသားမ်ားႏွင့္ မုန္လာဥမ်ားကို သမေအာင္ ေမႊၿပီးတဲ့အခါမွာေတာ့ ေရ ၁ လီတာခန္႔ထည့္ၿပီး တစ္နာရီ၊ တစ္နာရီခြဲခန္႔ တည္ထားလိုက္ပါ။
အမဲသားတံုးမ်ား ႏူးအိသြားၿပီဆိုရင္ေတာ့ ဆားႏွင့္ ငရုတ္ေကာင္းအနည္းငယ္တို႔ ထည့္ကာ အရသာအေပါ့အငန္ျမည္းၾကည့္လိုက္ပါ။
အားလံုးၿပီးသြားၿပီဆိုရင္ေတာ့ ဂ်ပန္စတိုင္လ္ အမဲသားဟင္းေလး ရရွိသြားပါၿပီ။ ထမင္းနဲ႔ အတူတူအရသာရွိရွိ တြဲဖက္စားသံုးႏိုင္ပါၿပီ။
Source: Asianfoodchannel.com