လှပလွန်းလှတဲ့ အပြင်အဆင်တွေကြောင့် နာမည်ကျော်ကြားသော ကိုရီးယား နိုင်ငံမှ လူကြိုက်အများဆုံး ရေခဲမုန့် အရောင်းဆိုင် အမှတ်တံဆိပ်တစ်ခု ဖြစ်သည့် Remicone ဟာဆိုရင် ၎င်း၏ အရှေ့တောင်အာရှဒေသအတွက် ပထမဦးဆုံးအရောင်းဆိုင်ကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်လိုက်ပါပြီ။ ၎င်း၏ ၁၉ ရာစုနှောင်းပိုင်းကာလများမှ ထင်ပေါ်ကျော်ကြားခဲ့သော ပုံစံဒီဇိုင်း အပြင်အဆင်များနှင့် စုံလင်လှသော ရွေးချယ်စရာ အရသာ အမျိုးမျိုးတို့ကြောင့် နာမည် ကျော်ကြားလှသော အဆင့်မြင့် ရေခဲမုန့် အရောင်းဆိုင်သည် ရန်ကုန်မြို့ရှိ စားသုံးသူများအတွက် သူမတူသော၊ ကွဲပြားခြားနားသော နေရာ အပြင်အဆင်တစ်ခုကို ဖန်တီးပေးသွားနိုင်မည် ဖြစ်ပြီး သူငယ်ချင်းများနှင့် ပျော်ပျော်ပါးပါး တွေ့ဆုံရန် အတွက်ဖြစ်စေ၊ ချစ်သူ နှစ်ဦး အေးအေးဆေးဆေး စကားပြောဆိုရန် အတွက်ဖြစ်စေ အထူး သင့်လျော်သည့် ဆုံရပ်နေရာ တစ်ခု ဖြစ်လာမှာ အသေအချာပါ။

Remicone ကို ကိုရီးယားနိုင်ငံမှ အင်ဒီရိုးရာ ဖက်ရှင်နှင့်ဒီဇိုင်း မဂ္ဂဇင်းတစ်ခုဖြစ်သည့် “No Name” မှ ၂၀၁၄ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ တမူထူးခြားသော ဆိုင်ဒီဇိုင်းအပြင်အဆင်များအပြင် အမျိုးအစား စုံလင်လှသော ပါဝင်ပစ္စည်းများအား စိတ်ကြိုက်ရွေးချယ်ကာ ရောစပ်စားသုံးနိုင်သည့် ရေခဲမုန့်များ၊ အချိုပွဲများနှင့်အတူ ကိုရီးယားနိုင်ငံတွင် နာမည်ကျော်ကြားလာခဲ့ခြင်းဖြစ်ပါတယ်။ ဤ ရေခဲမုန့် အရောင်းဆိုင်တွင် လာရောက် စားသုံးသူများသည် ၎င်းတို့၏ စိတ်ကြိုက် ရေခဲမုန့် အမျိုးအစားများအား ရွေးချယ်စရာ စုံလင်လှသော ထပ်ဆောင်း အရသာများ ပေါင်းထည့်ကာ သုံးဆောင်နိုင်မည်ဖြစ်သလို Remicone ၏ နာမည်ကျော်  cotton candy (အာတာပူစီ) နှင့် ရေခဲမုန့် အတွဲအဖက်ကိုလည်း မြည်းစမ်းကြည့်နိုင်မှာပါ။ Remicone သို့ လာရောက်သည့် စားသုံးသူများ အနေနှင့် တစ်ကြိမ်နှင့် တစ်ကြိမ် မတူညီသော အရသာ ရောစပ်ဖန်တီးမှု အသစ်များကို ပြုလုပ်သုံးဆောင်နိုင်မည် ဖြစ်သည့်အတွက် ဆန်းသစ်သော အတွေ့အကြုံများကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ The Central Sweets မှာ Remicone လို နာမည်ကျော် ရေခဲမုန့်ဆိုင်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့တဲ့ အတွက် အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ဒီရေခဲမုန့် အရောင်းဆိုင်ဟာ ကိုရီးယားနိုင်ငံက အချိုပွဲ ကြိုက်နှစ်သက်သူတွေ အများအပြားရဲ့ အသည်းနှလုံးကို ရယူနိုင်ခဲ့ပြီးသားဖြစ်သလို ရန်ကုန်မှာလည်း အလားတူ အားပေးမှုကို ရယူသွား နိုင်မှာ သေချာပါတယ်။ ဒါ့အပြင် ဒီဆိုင်မှာ လူမှုကွန်ရက်တွေအတွက် ဓာတ်ပုံရိုက်ကူးနိုင်ဖို့ တစ်ခြား နေရာတွေနဲ့ မတူညီတဲ့ လှပတဲ့ နောက်ခံဒီဇိုင်းတွေ၊ အပြင်အဆင်တွေကို ဖန်တီးပေးထားတဲ့ အတွက် လာရောက် သုံးဆောင်သူတွေ အနေနဲ့ မမေ့နိုင်စရာ အမှတ်တရတွေကို ပိုင်ဆိုင် သွားနိုင်မှာလည်း ဖြစ်ပါတယ်။” ဟု Marga လုပ်ငန်းစု၏ Executive Director ဖြစ်သူ Chris Lee က ပြောကြားခဲ့ပါတယ်။ ထို့အပြင် ၎င်းက ဆက်လက်၍ “နောက်ပြီး အရသာ အထူးကောင်းမွန်လှတဲ့ ပါဝင်ပစ္စည်းတွေ၊ စိတ်တိုင်းကျ ရွေးချယ်ရောစပ်သုံးဆောင်နိုင်တဲ့ အတွေ့အကြုံတွေကိုလည်း စားသုံးသူတွေ သဘောကျ နှစ်သက် ကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

Remicone ရေခဲမုန့် အရောင်းဆိုင်အပြင် The Central Sweets တွင် Yogurtland၊ တင့်တင့်မြန်မာ၊ Ambrosia (နတ်သုဒ္ဓါ) နှင့် Caca Fresh Drinks & Coffee အစရှိသည့် ကမ္ဘာတစ်ဝန်း နေရာဒေသအသီးသီးမှ အချိုပွဲ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားပြီးပါပြီ။ ကမ္ဘာအေးဘုရားလမ်းနှင့် ကန်ဘဲ့လမ်းထောင့်၊ လှပသော အင်းယားကန်ရေပြင်ဘေးတွင် ဖွင့်လှစ်ထားသည့် ဤ အရောင်းဆိုင်များတွင် လာရောက်စားသုံးသူများသည် အရသာ ထူးကဲကောင်းမွန်သော စားသောက်ဖွယ်ရာများအား ရင်သပ်ရှုမောဖွယ် ကန်ရေပြင် ရှုမြင်ကွင်းများနှင့်အတူ သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

Marga Landmark မှ အကောင်အထည်ဖော် ဆောင်ရွက်နေသော မြန်မာနိုင်ငံ၏ အကောင်းမွန်ဆုံး ဘက်စုံသုံးအိမ်ရာ စီမံကိန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့် The Central Sweets အား ရန်ကုန်မြို့၏ သမိုင်းဝင် ကိုလိုနီခေတ် လက်ရာ ဒီဇိုင်းများအား အခြေခံ၍ စိတ်ကြည်နှုးမှု ရရှိစေရန် ခေတ်မီ အပြင်အဆင်များ အသုံးပြုတည်ဆောက်ထားသည့် အပြင် လာရောက်သူများ အနေနှင့် အရသာ ထူးကဲကောင်းမွန်လှသော စားသောက်ဖွယ်ရာများကိုလည်း ဝယ်ယူ သုံးဆောင်နိုင်မှာပါ။ ထို့အပြင် လာရောက်သူများသည် မကြာမီ စတင် ဖွင့်လှစ်သွားမည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ဈေးဝယ် လျှောက်လမ်းကိုလည်း ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိ ခံစားနိုင်တော့မှာဖြစ်ကြောင်းကို သတင်းကောင်းပါးလိုက်ရပါတယ်။

The Central Sweets အကြောင်းနဲ့ပတ်သက်လို့ ပိုမိုသိရှိလိုပါက https://www.facebook.com/thecentralsweets/ သို့ ဝင်ရောက်၍ အသေးစိတ်ကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။