အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အာလူး၊ မုန်လာဥနီ၊ မှို စတဲ့ ဟင်းသီးဟင်းရွက်များနဲ့ အရသာရှိတဲ့ သီးစုံ ဝက်သားစတူး ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၂ ပေါင်ခွဲ (အနေတော် တုံးထားပါ)
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ၊ ငရုတ်ကောင်းမငန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲနှင့် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သံလွင်ဆီ စားပွတြင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)

  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • တရုတ်နံနံ ၂ ပင် (လက်မဝက်အရှည်ခန့် လှီးဖြတ်ထားပါ)
  • မုန်လာဥနီ ၅ လုံး (အခွံခွာပြီး လက်မဝက်အတုံး လှီးဖြတ်ထားပါ)
  • အာလူး ၄ လုံး (တစ်လက်မပတ်လည်အတုံး တုံးထားပါ)

  • ခရမ်းချဉ်သီးအနှစ်များ စည်သွပ်ဘူး ၁ ဘူး
  • ပင်စိမ်းရွက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မှို ၈ အောင်စ (အနေတော် လှီးဖြတ်ထားပါ)
  • ပဲလုံးစိမ်းနှင့် နံနံပင် ၁ စည်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးပေါ်တွင် ဂျုံမှုန့်၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ငရုတ်ကောင်းမှုန့်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

ထို့နောက် ဝက်သားတုံးများထည့်ကာ သမအောင် နယ်ပါ။

၂။ အိုးတစ်လုံးကို အပူပေးပြီး သံလွင်ဆီထည့်ပါ။

၃။ ဆီပူလာပါက ဝက်သားတုံးများထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေပေးလိုက်ပါ။ (အိုးအကြီး အသေး၊ ဝက်သား အနည်းအများပေါ် မူတည်ပြီး ဝက်သားများကို ခွဲကြော်ပေးဖို့ လိုပါမယ်)

ဝက်သားများ အညိုရောင် ပြောင်းသွားပါက ပန်းကန်ထဲသို့ ပြောင်းထည့်ထားပါ။

၄။ ထို့နောက် ဒယ်အိုးထဲသို့ ကြက်သွန်နီ ထည့်ကာ ၁ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် ကြက်သွန်ဖြူထည့်ကာ စက္ကန့် ၃၀ ခန့် ဆီသတ်ပါ။

၅။ ထို့နောက် ကြက်ပြုတ်ရည်ထည့်ကာ သမအောင် မွှေပါ။ တရုတ်နံနံ၊ မုန်လာဥနီ၊ အာလူး၊ ခရမ်းချဉ်သီးအနှစ်တို့ထည့်ကာ သမအောင် မွှေပါ။

၆။ ထို့နောက် ပင်စိမ်းရွက်၊ ကျန်ရှိနေသော ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ၄၅ မိနစ်ခန့် တည်ထားလိုက်ပါ။

၇။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ ဝက်သားများထည့်ကာ မိနစ် ၃၀ ခန့် တည်ထားပါ။ မကြာခဏ မွှေပေးလိုက်ပါ။

၈။ ထို့နောက် မှိုနှင့် ပဲလုံးစိမ်းတို့ထည့်ကာ ၁၀ မိနစ်ခန့် ထပ်တည်ပေးလိုက်ပါ။

အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက်မှာတော့ နံနံပင်လေး ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ သီးစုံ ဝက်သားစတူးဟင်းလျာလေး ရရှိသွားပါပြီ။

Source: Scrambledchefs.com