အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါဝေမျှပေးချင်တဲ့ အစားအစာလေးကတော့ အသားညှပ်ဆန်းဒဝှစ်ချ် စားရတာ ငြီးငွေ့နေသူတွေအတွက် ရည်ရွယ်ပါတယ်။

အသားမပါဘဲ ကညွှတ်၊ ခရမ်းချဉ်သီးနှင့် ချိစ်တို့ အဓိကထားပြီးပြုလုပ်ထားတဲ့ ဆန်းဒဝှစ်ချ်ပဲဖြစ်ပါတယ်။ ဘယ်လိုပြုလုပ်ရမလဲဆိုတာကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ကညွှတ် တစ်စည်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်း
  • ဆား နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ပေါင်မုန့် ၆ ချပ်
  • ထောပတ် စားပွဲတင်ဇွန်း ၅ ဇွန်း

  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း လေးပုံ သုံးပုံ
  • ချိစ်အနည်းငယ်
  • အကွင်းလိုက် လှီးထားသော ခရမ်းချဉ်သီး ၁၂ ကွင်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင် အပူပေးထားပါ။

၂။ ကညွှတ်များကို ပေါင်မုန့််အကျယ်အတိုင်း လှီးဖြတ်ထားပါ။ ထို့နောက် Oven ထဲထည့်မယ့် လင်ဗန်းထဲသို့ ကညွှတ်များကို အစီအရီထည့်လိုက်ပါ။ ဆီအနည်းငယ် ဖြန်းလိုက်ပြီး ဆားဖြူးလိုက်ပါ။ ပြီးရင် Oven ထဲမှာ ၁၄ မိနစ်ခန့် ထည့်ထားလိုက်ပါ။

၃။ ထိုအချိန်မှာ ပေါင်မုန့်များကို ထောပတ်သုတ်ထားလိုက်ပါ။

၄။ ပြီးရင် ချိစ်များ ဖြူးထားရပါမယ်။

၅။ ၁၄ မိနစ်ပြည့်ပါက ကညွှတ်များကို Oven ထဲမှ ထုတ်ပြီး ချိစ်ဖြူးထားသော ပေါင်မုန့်ချပ်ပေါ်သို့ တင်ထားလိုက်ပါ။

၆။ ကညွှတ်ပေါ်သို့ ချိစ်များ ထပ်ဖြူးပေးရပါဦးမယ်။

၇။ အကွင်းလိုက်လှီးထားသော ခရမ်းချဉ်သီးများပေါ်သို့ ငရုတ်ကောင်းမှုန့်များ ဖြူးထားလိုက်ပါ။

၈။ ထိုခရမ်းချဉ်သီးများကို ချိစ်ပေါ် တင်ထားလိုက်ပါ။ ချိစ် ထပ်ဖြူးပေးလိုက်ပါ။ ပြီးမှ အခြားပေါင်မုန့်တစ်ချပ်ကို ချိစ်ပေါ်မှ အုပ်ပေးလိုက်ပါ။

၉။ ထို့နောက် မီးအေးအေးပေးထားသော ဒယ်အိုးထဲထည့်ကာ ကြော်ပေးရပါမယ်။ ပေါင်မုန့်ချပ်က ရွှေညိုရောင်လေး ပြောင်းသွားမှ ဇွန်းအပြားဖြင့် အခြားတစ်ဖက်သို့ လှန်ပေးလိုက်ပါ။

ရရှိလာတဲ့ ချိစ် ဟင်းရွက်ညှပ် ဆန်းဒဝှစ်ချ်လေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။ ကော်ဖီပူပူလေး (သို့) နွားနို့ပူပူလေးနဲ့ဆို အင်မတန်မှ အရသာရှိပါတယ်။

Source: Couponclippingcook.com