အမြစ်ပါတဲ့ဟင်းသီးဟင်းရွက်တွေကို မီးဖုတ်ခြင်းက ဟင်းလျာပြင်ဆင်တဲ့နည်းလမ်းတွေရဲ့ အခြေခံတစ်ခုဖြစ်ပြီး ဆီအမြဲတမ်းပါဝင်ပါတယ်။ ဒါပေမယ့်လည်း ဆီကိုရှောင်ရှားလိုက်ခြင်းက အကျိုးကျေးဇူးအချို့ကိုပေးစွမ်းနိုင်တာကြောင့် ဒီတခါမှာတော့ ရေကိုအစားထိုးပြီးအသုံးပြုပေးထားပါတယ်နော်။ ရေမဟုတ်ဘဲနဲ့လည်း ဟင်းရွက်ပြုတ်ရည်၊ ဘီယာ သို့မဟုတ် ၀ိုင်တို့ကိုလည်း အသုံးပြုနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ရွှေကန်စွန်းဥ (အတုံးလေးများလှီးပြီးသား) – ၁ တုံး

မုန်လာဥနီ (အတုံးလေးများလှီးပြီးသား) – ၁ တုံး

ကြက်သွန်နီဥကြီး (လှီးပြီးသား) – ၁ လုံး

ရေ – ခွက်တစ်ခွက်ရဲ့လေးပုံတစ်ပုံ (လိုအပ်လျှင်လိုအပ်သလိုပိုပြီး)

ဆား၊ ငရုတ်ကောင်း – အတန်ငယ်

ဟင်းခတ်မှုန့် – အနည်းငယ်

ဇီယာခြောက်အမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဇွန်း

ပြင်ဆင်ပုံအဆင့်ဆင့်

မီးဖိုကို ၄၀၀ ဒီဂရီဖာရင်ဟိုက်မှာ အပူပေးပါ။

ဟင်းသီးဟင်းရွက်တွေကို ဆီမကပ်သည့် မုန့်ဖုတ်ဒယ်ပြားထဲတွင် ရေတစ်ခွက်ရဲ့လေးပုံတစ်ပုံနဲ့အတူ ထည့်ပေးပါ။

ဇီယာခြောက်အမှုန့်ကလွဲ၍ ကျန်တဲ့ဆား၊ ငရုတ်ကောင်းတို့ကိုလည်း ပေါင်းထည့်ပြီး ညင်သာစွာမွှေပေးပါ။

အဖုံးမအုပ်ဘဲ မိနစ်လေးဆယ်ကြာဖုတ်ပေးပြီး ဖြည်းဖြည်းချင်းမွှေပေးပါ။

ထို့နောက် နောက်ထပ် ရေတစ်ခွက်ရဲ့လေးပုံတစ်ပုံကိုလည်း လိုအပ်လျှင်ထပ်ထည့်ပေးပါ။

နောက်ထပ် မိနစ်နှစ်ဆယ်ဖုတ်ပေးပြီး ဟင်းသီးဟင်းရွက်များနူးအိသွားပြီဆိုပါက မီးဖိုပေါ်မှဖယ်လိုက်ပြီး ဇီယာခြောက်အမှုန့်လေးဖြူး၍ အရသာရှိရှိစားသုံးနိုင်ပါပြီ။