ပဲသီးမှာ ဗီတာမင်အေ၊ ဗီတာမင်စီနှင့် ဗီတာမင်ကေတို့ ကြွယ်ဝစွာပါဝင်ပြီး ကလိုရိုဖီးလ်ပမာဏ မြင့်မားစွာပါဝင်တဲ့အတွက်ကြောင့် ကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ အရိုးအဆစ်များကို သန်မာစေရုံသာမက စိတ်ကျရောဂါဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်တဲ့ အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။

ထိုပဲသီးကို စွမ်းအင်ဖြည့်တင်းပေးတဲ့ အာလူးနဲ့ အရသာရှိအောင် ဘယ်လိုလုပ်စားနိုင်မလဲဆိုတာကို MyFood Myanmar ရဲ့အစားအစာချစ်သူတို့အတွက် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၁ ပေါင်ခွဲ
  • ပဲသီး ၁ ပေါင် (၂ လက်မ၊ ၃ လက်မ အရှည်ခန့် လှီးဖြတ်ထားပါ)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်

  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးကို အခွံခွာပြီး အတုံးငယ် တုံးထားပါ။ ထို့နောက် ဇလုံအကြီးတစ်လုံးထဲထည့်ကာ သံလွင်ဆီ၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်တို့ဖြင့် သမအောင် ရောနယ်ပါ။

၂။ ထိုအာလူးအတုံးများကို လင်ဗန်းထဲထည့်ပြီးနောက် ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် အပူပေးထားသော Oven ထဲထည့်ကာ ၁၅ မိနစ်ခန့် အပူပေးလိုက်ပါ။

၃။ ထိုအချိန်တွင် စောစောကဇလုံထဲသို့ ပဲသီးထည့်ပါ။ (ဇလုံကို ရေဆေးရန် မလိုပါ။)

သံလွင်ဆီ၊ ကြက်သွန်ဖြူနှင့် ဆားတို့ထည့်ကာ သမအောင် ရောမွှေပါ။

၄။ အာလူးများ ကျက်သွားပါက Oven ထဲက ထုတ်ပြီး အာလူးပေါ်သို့ ပဲသီးများ ထည့်ပါ။ ညီညီညာညာဖြန့်ကျက်ပြီးနောက်မှာတော့ Oven ထဲတွင် ၂၅ မိနစ်ခန့် အပူပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အနံ့အရသာနဲ့ပြည့်စုံတဲ့ ပဲသီး အာလူးမီးကင်လေး ရရှိသွားပါပြီ။

Source: Cooktoria.com