ရနံ့သင်းပျံ့ပြီး အရသာရှိ၊ ကြွပ်ရွတဲ့ အစားအစာများကို နှစ်သက်ကြတဲ့ အစားအသောက်ချစ်သူတို့အတွက် ဒီတစ်ခါမှာတော့ ကန်စွန်းဥမီးဖုတ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

Oven လေးတစ်လုံးနဲ့ ပါဝင်ပစ္စည်း ၄ မျိုးခန့် ရှိရုံနဲ့ အရသာရှိတဲ့ ကန်စွန်းဥမီးဖုတ်ကို မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျ လွယ်လွယ်ကူကူ ပြင်ဆင်စားသုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကန်စွန်းဥ ၂ ပေါင် (အလုံးကြီး ၃ လုံးခန့်)
  • အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံ
  • သကြားညို စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကန်စွန်းဥများကို အခွံခွာပြီးနောက် ထိပ်နှစ်ဖက်ကို လှီးထုတ်လိုက်ပါ။

၂။ ထို့နောက် အဝိုင်းပုံသဏ္ဍာန်ဖြင့် လက်မဝက်အထူ လှီးဖြတ်လိုက်ပါ။

၃။ ထို့နောက် ကန်စွန်းဥ တစ်ဝိုင်းကို ခြောက်စိပ်ခန့် ခပ်သေးသေး ပြန်စိတ်လိုက်ပါ။

၄။ Oven ကို ၄၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

နောက်တစ်ဆင့်အနေနဲ့ အပူဒဏ်ခံနိုင်သော လင်ဗန်းကို အုန်းဆီ၊ ဆားနှင့် သကြားတို့ထည့်ပါ။ ကန်စွန်းဥထည့်ပြီးနောက် သမအောင် ရောနယ်လိုက်ပါ။

၅။ ထို့နောက် ကြိုတင်အပူပေးထားသော Oven ထဲထည့်ကာ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် မီးဖုတ်ပါ။ ထို့နောက် ကန်စွန်းဥများကို အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် မီးဖုတ်ပါ။

အားလုံးပြီးသွားတဲ့အခါမှာတော့ အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ကန်စွန်းဥမီးဖုတ်လေး ရရှိသွားပါပြီ။

Source: Chelseasmessyapron.com