ပါဝင်ပစ္စည်းများ
- ထမင်း
- ပုဇွန် ချဉ်ပေါင် ဇရစ်ရိုး ဟင်းလှော်
- ဂွေးသီး ငပိထောင်း
- ခရမ်းချဉ်သီးပေါက်စ ရောင်စုံ
- မျှစ်နု ပြုတ်
- ဒညင်းသီး ပြုတ်
- ခရမ်းသီးပေါက်စ
- ငါးခူကင်
ပြုလုပ်နည်း
- ထမင်းကြမ်း တွင် မနေ့ညက ကျန်တဲ့ ပုဇွန် ချဉ်ပေါင် ဇရစ်ရိုး ဟင်းလှော် နဲ့ ကုန်လု နီးပါး ဖြစ်နေတဲ့ ဂွေးသီး ငပိထောင်း နဲ့ပါ ထည့်နယ်ပါတယ်။
- နယ်ထားတဲ့ ထမင်းနယ်ကို မျှစ်နု ပြုတ်၊ ဒညင်းသီး ပြုတ်၊ ခရမ်းသီးပေါက်စ ၊ ခရမ်းချဉ်သီးပေါက်စ ရောင်စုံ တို့နှင့် တွဲစားကြည့်ပါ၊ ရှာလည်သွားပါမည်။
- မီးအေးအေးနှင့် ကင်ထားတဲ့ ငါးခူကင်က မီးသွေး မီးဖိုပေါ်က အချဆိုတော့ ထမင်းနယ်နဲ့ လိုက်ပြီပေါ့။
- အချိုမှုန့် လုံးဝ မပါပါ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။
MyFood Myanmar