အားလုံးပဲ မင်္ဂလာပါ။ ငါးကြော်ဟင်း စားချင်သူများအတွက် ဒီတစ်ခါမှာတော့ ထိုင်းစတိုင်လ် ကြော်ထားတဲ့ ငါးမွှေကြော်ဟင်းလျာ ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်သီးအနီ ၃ တောင့် (ပါးပါးလှီးထားပါ)
  • မိမိကြိုက်နှစ်သက်ရာ ပင်လယ်ငါး တစ်မျိုးမျိုး ဝ.၅ ပေါင် (အနေတော်အတုံး တုံးထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက် နှင့် ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • သကြား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • စပါးလင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ချယ်ရီခရမ်းချဉ်သီး ၆ လုံး (ထက်ခြမ်း ခြမ်းထားပါ)
  • အစိမ်းရောင် ငရုတ်ကောင်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရှောက်ရွက် ၆ ရွက်ခန့် နှင့် ပင်စိမ်းရွက် ပန်းကန်လုံးတစ်ဝက်စာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ထို့နောက် ကြက်သွန်ဖြူနှင့် ငရုတ်သီးတို့ထည့်ကာ ဆီသတ်ပါ။

၂။ ထို့နောက် ငါး ထည့်ကာ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ တစ်ဖန် ပဲငံပြာရည်၊ ငါးငံပြာရည်နှင့် သကြားတိုပထည့်ကာ သကြားများ ပျော်ဝင်သွားသည်အထိ မွှေပေးလိုက်ပါ။

၄။ ထို့နောက် စပါးလင်၊ ချယ်ရီခရမ်းချဉ်သီး၊ ငရုတ်ကောင်းစေ့နှင့် ရှောက်ရွက်တို့ထည့်ကာ သမအောင် မွှေကြော်ပါ။

၅။ အရသာအပေ့ါအငန် မြည်းစမ်းကြည့်ပြီးနောက်မှာတော့ မီးပိတ်လိုက်လို့ရပါပြီ။ မီးပိတ်ပြီးမှ ပင်စိမ်းရွက်လေးအုပ်ကာ နောက်ဆုံးတစ်ကြိမ်ခန့် ရောမွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ အနံ့ရော အရသာပါ ပြည့်စုံတဲ့ ထိုင်းစတိုင်လ် ငါးမွှေကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Thespruceeats.com