အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ချဉ် ငန် စပ် အရသာမျိုးစုံ ခံစားမြည်းစမ်းနိုင်တဲ့ ငါးမွှကြော် သရက်သီးသုပ် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အကြော်ခံ ပေါင်မုန့်အကြေအစများ စားပွဲတင်ဇွန်း ၈ ဇွန်း
  • မြေပဲ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ပင်လယ်ငါးကြီး ၃၀၀ ဂရမ် (သို့) မိမိကြိုက်နှစ်သက်ရာ ငါးတစ်မျိုးမျိုး
  • ဆလပ်ရွက် ပန်းကန်လုံး ၁ လုံးစာ
  • နံနံပင်

  • သရက်သီး ၁ လုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် သံပုရာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်နီ ၃ ဥ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ငရုတ်သီးစိမ်း စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အကင်ဒယ်အိုး (သို့) အကင်မီးဖိုကို အပူပေးပြီးနောက် မိမိရွေးချယ်ထားသော ငါးကို ၁၅ မိနစ်ခန့် ကင်ပေးလိုက်ပါ။

၂။ အချဉ် ဖော်စက်ရန်အတွက် သကြား၊ သံပုရာရည်၊ ငါးငံပြာရည်၊ ငရုတ်သီးစိမ်းတို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၃။ ငါးကင်က ကျက်သွားပြီဆိုရင်တော့ ခက်ရင်းဖြင့် ငါးအသားများကို မွှပေးလိုက်ပါ။

ထို့နောက် ငါးများနှင့် အကြော်ခံပေါင်မုန့်တို့ကို သမအောင် ရောနယ်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီများများထည့်ပါ။ ဆီပူလာပါက ငါးနှင့် ပေါင်မုန့်အရောအနှောတို့ကို ဆီပူထဲတွင် ၃ မိနစ်၊ ၄ မိနစ်ခန့် ထည့်ကြော်လိုက်ပါ။

၅။ အချဉ်ဆော့စ်ထဲသို့ ပါးပါးလှီးထားသော ကြက်သွန်နီများ ထည့်ကာ သမအောင် ရောမွှေပါ။

၆။ ပန်းကန်ပြားထဲတွင် ဆလပ်ရွက်များ ထည့်ထားပါ။ ဆလပ်ရွက်ပေါ်တွင် ငါးမွကြော်များ ထည့်ပါ။ ငါးပေါ်တွင် သရက်သီးထည့်ပါ။ မြေပဲနှင့် နံနံပင်တို့ထည့်ပါ။ ထို့နောက် အချဉ်ဆော့စ်များ ဆမ်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ငါးမွကြော် သရက်သီးသုပ်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Siamsizzles.com