ပါဝင်ပစ္စည်းများ
ချဉ်ပေါင်ရွက် – အနည်းငယ်
ပလာတူးငါးခေါင်း – ၃ ခေါင်း (ကြော်ပြီးသား)
ကြက်သွန်နီ – တခြမ်း (၄စိတ် စိပ်ပါ)
ခရမ်းချဉ်သီး – ၁ လုံး (၈စိတ် စိပ်ပါ)
ငရုတ်သီးစိမ်း – ၂ တောင့်
ဆား – အနည်းငယ်
ပြုလုပ်နည်း
ငါးထောင်းမှ ဖယ်တားသော ကြော်ထားသည့် ငါးခေါင်းများကို အိုးထဲတွင် ထည့်၍ ကြက်သွန်နီ ၊ ခရမ်းချဉ်သီး နှင့် ရေကို ငါးခေါင်းမြုပ်ရုံ ထည့်၍ လုံးတည်ပါ ။
ပြီးမှ ရေထပ်ထည့်၍ ဟင်းရည်ကျသည်အထိ တည်ပါ ။
အရည်ကျသွားလျင် ချဉ်ပေါင်ရွက်ကို ခပ်၍ ဆား အနည်းငယ် နှင့် ငရုတ်သီးစိမ်း ၂ တောင့် ခန့်ကို မွှေးအောင် ထည့်ပါ ။
အရသာ အပေါ့အငံ မြည်း၍ သုံးဆောင်နိုင်ပါပြီ ။
***ပလာတူးငါးသည် လေးသည့် အရသာ ရှိ၍ ငံပြာရည် သုံးရန် မလိုပါ ။ ငါးထောင်းမှ ဖယ်တားသော ကြော်ထားသည့် ငါးခေါင်းများ ဖြစ်သောကြောင့် ဟင်းရည်ထဲတွင် ဆီသုံးရန် မလိုပါ ။
My Food Myanmar