အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ငရုတ်ပွ၊ မှို၊ ကြက်သွန်နီ စတဲ့ ဟင်းသီးဟင်းရွက်စုံစုံလင်လင်နဲ့ ပြုလုပ်ထားတဲ့ ငါးပေါင်းဟင်းလျာ ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးအသားလွှာ ၂ ပေါင်ခွဲ
  • ငရုတ်ပွအနီနှင့် အဝါ တစ်ခြမ်းစီ
  • ငရုတ်သီးစိမ်း ၆ တောင့်
  • မှို ၄ အောင်စ
  • ကြက်သွန်နီ တစ်ခြမ်း

  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၅ ဇွန်း
  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း နှင့် ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ငါးအသားလွှာများကို ဆား၊ ငရုတ်ကောင်းမှုန့်တို့ ဖြူးထားလိုက်ပါ။

၃။ ငရုတ်ပွတို့ကို အစေ့များ ဖယ်ရှားပြီးနောက် အချောင်းလိုက် ပါးပါးလှီးထားပါ။’

၄။ ငရုတ်သိမ်းစိမ်း၊ မှို၊ ကြက်သွန်နီတို့ကိုလည်း ပါးပါးလှီးထားပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ် ထည့်ပါ။ ကြက်သွန်ထည့်ကာ ဆား၊ ငရုတ်ကောင်းမှုန့်များထည့်ပြီး ပျော့အိသွားသည်အထိ ကြော်ပါ။ ထို့နောက် ပန်းကန်ပြားထဲ ဆယ်ထည့်ထားပါ။

ငရုတ်ပွအနီကိုလည်း ဆီထဲထည့်ပြီး ၁ မိနစ်၊ ၂ မိနစ်ခန့် ကြော်ပါ။ ပန်းကန်ထဲ ဆယ်ထည့်ပါ။ ထို့နောက် ငရုတ်ပွအဝါထည့်ကြော်ပါ။

၆။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ကြက်ပြုတ်ရည်၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် သံပုယိုရည်တို့ထည့်ကာ သမအောင် ရောမွှေပါ။

၇။ ထို့နောက် ငါးအသားလွှာများကို ဂျုံမှုန့်ဖြင့် ကပ်ပေးလိုက်ပါ။

၈။ Oven ထဲထည့်မယ့် လင်ဗန်းကို ဆီဖြင့် သုတ်လိမ်းထားပါ။ ထို့နောက် ငရုတ်ပွ အနီ၊ အစိမ်း၊ မှို၊ ကြက်သွန်နီ ၄ ပုံ ၁ ပုံခန့်ကို လင်ဗန်းထဲ ဖြန့်ထည့်လိုက်ပါ။ ထို့နောက် ငါးအသားလွှာ တစ်ဝက်ခန့် အုပ်ပေးလိုက်ပါ။ နောက်ထပ် ဟင်းသီးဟင်းရွက် ၄ ပုံ ၁ ပုံ ခန့်ကို ငါးအသားလွှာပေါ် တင်ပါ။ စောစောက ဖျော်ထားသော ဆော့စ် တစ်ဝက်ခန့် ဆမ်းထည့်လိုက်ပါ။

၉။ ကျန်ရှိနေသော ငါး အသားလွှာတစ်ဝက် ထပ်တင်လိုက်ပါ။ ကျန်ရှိနေသာ ဆော့စ်များအားလုံး လောင်းထည့်လိုက်ပါ။ လင်ဗန်းကို ခဲဖတ်ဖြင့် အုပ်ထားပြီးနောက် Oven ထဲတွင် မိနစ် ၂၀ ခန့် ထည့်ပေါင်းလိုက်ပါ။

၁၀။ သတ်မှတ်ချိန်ပြည့်ပါက Oven ထဲကထုတ်ပြီးနောက် ကျန်ရှိနေသော ဟင်းရွက်များအားလုံကို ငါးအသားလွှာပေါ် တင်ပါ။ လင်ဗန်းကို ခဲဖတ်ဖြင့် ပြန်အုပ်ထားပြီးနောက် နောက်ထပ် ၁၀ မိနစ်ခန့် ထပ်ဖုတ်လိုက်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဟင်းရွက်စုံ ငါးပေါင်းဟင်းလျာလေး ရရှိသွားပါပြီ။

Source: Koreanbapsang.com