သရက်သီးတွေ ခြံထဲမှာ လှိုင်လှိုင်သီးနေတာရယ် ၊ လဖက်ကို နှစ်သက်တဲ့ ချစ်သမီးလေး အလွမ်းပြေရယ် ပေါင်းပြီး အိမ်မှာ လက်ဖက် – သရက်သီး နှင့် ပဲကြာဇံသုတ် သုတ်ပါတယ် ။ လက်ဖက် ထမင်းနယ်ကိုတော့ အများက စားလေ့ရှိပါတယ် ။ ထမင်းမကြိုက်တဲ့ ကျမကတော့ ထမင်းအစား ပဲကြာဇံနဲ့ နယ်ပါတယ် ။
ပါဝင်ပစ္စည်း
- ပဲကြာဇံ
- သရက်သီး
- လဖက်ဆီစိမ်
- အကြော်စုံ
- ခရမ်းချဉ်သီး
- ပုဇွန်ခြောက်မှုန့်
- ကြက်ဥပြုတ်
- ဆား
- ပဲဆီစစ်စစ်
- ကြက်သွန်ဖြူ
- သင်္ဘောရွက်
- သင်္ဘောရွက်
- ငရုတ်သီးစိမ်း
ပြင်ဆင်ပြုလုပ်နည်း
- ပဲကြာဇံကို ရေစိမ်ထားပါ ။ ပြီးလျင် ဆူသော ရေနွေးကို စိမ်ထားသည့် ပဲကြာဇံပေါ်ကို လောင်းလိုက်ပြီး ပဲကြာဇံ နူးမှ ရေများသွန်ပြီး စစ်ထားပါ ။
- သရက်သီးကို အခွံခွာပြီး ဓါးနဲ့ ပေါက်ထားပြီး ရေစိမ်ထားပါ ။
- ခရမ်းချဉ်သီး အရှည်လိုက် ပါးပါးလှီးထားပါ ။
- ကြက်ဥကို ပြတ်ပြီး အကွင်းလိုက် လှီးပါ ။
- ငရုတ်သီးစိမ်းကို လှော်ပြီး ထောင်းရျ် (သို့မဟုတ်) ပါးပါးလှီးပြီးလည်း ထည့်လို့ရပါတယ် ။
- စားခါနီးတွင် ကြာဇံ ၊ ပေါက်ထားသော သရက်သီး ၊ လဖက်ဆီစိမ် (မိမိ နှစ်သက်သလောက် ထည့်ပါ ။) ၊ အကြော်စုံ ၊ ပါးပါးလှီး ထားသော ခရမ်းချဉ်သီး ၊ ပုဇွန်ခြောက်မှုန့် ၊ ဆား ၊ ပဲဆီစစ်စစ် နှင့် ငရုတ်သီးထောင်း တို့ကို ထည့်၍ နှံ့အောင် နယ်ပါ ။ ကြက်ဥပြုတ်ကို နောက်ဆုံးမှ ထည့်နယ်ပါ ။ (ကြေလွယ်လို့ပါ ။ ယခု သုတ်တဲ့ အထဲမှာတော့ ကြက်ဥကို ထည့် မနယ်ပါ ။ ကြက်ဥနှင့် မတည့်သောသူများပါ စားနိုင်အောင်လို့ပါ ။)
- အပေါ့ အငန်မြည်း၍ မိမိ နှစ်သက်ရာ အရသာရလျင် သုံးဆောင်နိုင်ပါပြီ ။
- ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း နှင့် သင်္ဘောရွက် တို့ကို အသုတ် နှင့် တွဲဖက်၍ စားနိုင်ပါသည် ။ (သင်္ဘောရွက်သည် လေကြေစေရျ် လဖက်နှင့် တွဲရျ် စားလျင် ဗိုက်နာခြင်း ၊ လေအောင့်ခြင်းကို ကာကွယ်နိုင်ပါသည် ။
My Food Myanmar