အားလုံးပဲ မင်္ဂလာပါ။ ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဆော်လမွန်ငါး ကိုရီးယားထမင်းသုပ် သုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထမင်း ပန်းကန်လုံး ၂ လုံးစာ
  • သံလွင်ဆီ အနည်းငယ်
  • မုန်လာဥနီ ၂ လုံး (အခွံခွာပြီး အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့်
  • ပဲပင်ပေါက် ပန်းကန်လုံး ၂ လုံးစာ

  • ဟင်းနုနွယ်ရွက် ၁ စည်း (အရွက်နှင့် ရိုးတံတို့ကို ချွေထားလိုက်ပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • လှော်ထားပြီးသား နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်

  • ဆော်လမွန်ငါး ၁ တုံး
  • ကြက်ဥ ၄ လုံး (Half-Fried ကြော်ထားပါ)
  • ကင်ချီ ပန်းကန်လုံး ၁ လုံးစာ
  • ငရုတ်သီးအနှစ် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ မုန်လာဥနီထည့်ပြီး ဆားအနည်းငယ်ထည့်ကာ ၁ မိနစ်ခန့်ကြော်လိုက်ပါ။ ထို့နောက် ပန်းကန်လုံးထဲ ပြောင်းထည့်ထားပါ။

ပဲပင်ပေါက်ကိုလည်း မုန်လာဥကြော်သလိုပဲ ကြော်ပေးရပါမယ်။

၂။ စောစောက ဒယ်အိုးထဲသို့ပင် ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ကြက်သွန်ဖြူထည့်ပြီး ၁၅ စက္ကန့်ခန့် ဆီသတ်ပါ။ ဟင်းနုနွယ်ရွက်ထည့်ပြီးနောက် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ မွှေကြော်ပေးလိုက်ပါ။ ထို့နောက် မီးဖိုပေါ်က ချကာ ပဲငံပြာရည်၊ နှမ်းဆီနှင့် နှမ်းစေ့အနည်းငယ်တို့ထည့်ကာ သမအောင် မွှေရပါမယ်။ ပြီးရင်တော့ ပန်းကန်လုံးထဲ ပြောင်းထည့်ထားပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ဆော်လမွန်ငါး ကြော်ရပါမယ်။ ဆော်လမွန်ငါးကို ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။ ဆီပူလာပါက ဆော်လမွန်ငါးထည့်ပြီး ၅ မိနစ်ခန့် ကြော်ပါ။ အခြားတစ်ဖက်သို့လှန်ပြီး နောက်ထပ် ၅ မိနစ်ထပ်ကြော်ပါ။ ပြီးရင်တော့ ပန်းကန်ပြားထဲ ထည့်ပြီး အအေးခံပါ။ အေးသွားပါက ငါးအသား နွှင်ထားလိုက်ပါ။

၄။ ထမင်းပန်းကန်ထဲသို့ ထမင်းအနည်းငယ် ထည့်ပါ။ အလယ်တည့်တည့်တွင် ဆော်လမွန်ငါးနွှင် ၄ ပုံ ၁ ပုံခန်ထည့်ပါ။ ကြက်ဥကြော် ၁ လုံး ထည့်ပါ။ ဟင်းနုနွယ်၊ မုန်လာဥနီ၊ ပဲပင်ပေါက်ကြော်၊ ကင်ချီ၊ ရေညှိတို့ကိုတော့ ၄ ပုံ ၁ ပုံ စီထည့်ပါ။

၅။ ငရုတ်သီးအနှစ် အနည်းငယ် ထည့်ပြီးနောက် သမအောင် နယ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဆော်လမွန်ငါး ကိုရီးယားထမင်းသုပ်လေး ရရှိသွားပါပြီ။

ဟင်းရွက်ကြော်နဲ့ အခြားဟင်းလျာများ ၄ ပုံ ၃ ပုံခန့် ကျန်ရှိနေသေးတဲ့အတွက်ကြောင့် နောက်ထပ် ၃ ယောက်စာလောက် ဆက်လက်ပြင်ဆင် စားသုံးနိုင်ပါသေးတယ်။

Source : Thewoksoflife.com