အားလုံးပဲ မင်္ဂလာပါ။ အိုမီဂါသရီး ဖက်တိအက်ဆစ်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ဆော်လမွန်ငါးနဲ့ အမြင်အာရုံကောင်းမွန်စေတဲ့ ဟင်းနုနွယ်တို့ကို ရောနှောချက်ပြုတ်ထားတဲ့ ဟင်းတစ်ခွက် ပြုလုပ်ပြင်ဆင်နည်းကို MyFood Myanmar ရဲ့အစားအစာချစ်သူတို့အတွက် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆော်လမွန်ငါး ၂ တုံး (၁ ပေါင်ခန့်)
  • ဆားနှင့် ငရုတ်သီးမှုန့်
  • သံလွင်ဆီ စားပွဲတင်ဇွနး ၁ ဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)

  • ငရုတ်ပွ ၂ လုံး (လေးထောင့်အတုံးငယ် လှီးထားပါ)
  • ဟင်းနုနွယ် ၁ စည်း (အရွက်နှင့် ရိုးတံများ ခြွေထားပါ)
  • နွားနို့ စားပွဲတင်ဇွန်း ၈ ဇွန်းနှင့် ချိစ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • နံနံပင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဆော်လမွန်ငါးကို ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ထို့နောက် ဆော်လမွန်ငါး တစ်ဖက်ချင်းစီကို ၅ မိနစ်ခန့် ကြော်ပါ။ ငါးက ကျက်သွားတာနဲ့ ပန်းကန်ထဲသို့ ပြောင်းထည့်ထားပါ။

၃။ ထိုဒယ်အိုးထဲသို့ပင် ထောပတ်နှင့် ကြက်သွန်ဖြူတို့ထည့်ကာ ၁ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် ငရုတ်ပွထည့်ကာ ၂ မိနစ်ခန့် ချက်ပါ။

၄။ ထို့နောက် ဟင်းနုနွယ်ရွက်များထည့်ကာ သမအောင် မွှေကြော်ပါ။

၅။ မီးအပူချိန်ကို လျော့ချပြီးနောက် နွားနို့၊ ငရုတ်သီးမှုန့်၊ နံနံပင်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ဆူပွက်လာသည်အထိ တည်ပါ။

၆။ ထို့နောက် ဆော်လမွန်ငါးကြော်ကို ဒယ်အိုးထဲသို့ ပြန်ထည့်ကာ ဆော့စ်အရည်များကို ငါးပေါ်သို့ ဆမ်းပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဟင်းနုနွယ်ဆော့စ် ဆော်လမွန်ငါးကြော်လေး ရရှိသွားပါပြီ။

Source: Cooktoria.com