ဖက်ထုပ်ပေါင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ပုစွန်၊ ဝက်သား၊ ကြက်သားစတဲ့ အသားသုံးမျိုးစလုံးပါဝင်တဲ့ ဖက်ထုပ်ပေါင်းကို အရသာရှိတဲ့ဟင်းရည်ရအောင် ဘယ်လိုလုပ်သောက်မလဲဆိုတဲ့ ဟင်းချက်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နုပ်နုပ်စဉ်းထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ ဇါန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဖက်ထုပ်လိပ်ရန် ဂျုံပြား ၂ ထုပ်ခန့်
  • နှမ်းဆီ စားပွဲတင်ဇွန်းတစ်ဝက်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ရေ ၁၂၅ မီလီလီတာ
  • အသေးစား မုန်ညှင်းရွက် လက်တစ်ဆုပ်စာခန့်

  • ပုစွန် ၈ အောင်စ (ရေဆေးပြီး အခွံခွာကာ ပါးပါးလှီးထားပါ)
  • နုပ်နုပ်စဉ်းထားသော ဝက်သား ၈ အောင်စ
  • နုပ်နုပ်စဉ်းထားသော ကြက်သား ၈ အောင်စ
  • ဝက်သားပြုတ်ရည် (သို့) ကြက်ပြုတ်ရည် ၁ လီတာခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဖက်ထုပ်အစာသွပ်ပြုလုပ်ရန်အတွက် ပုစွန်၊ ဝက်သား၊ ကြက်သား၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဟင်းသီးဟင်းရွက်ဆီ၊ ပဲငံပြာရည်အကြည်၊ ခရုဆီ၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်နှင့် ရေတို့ကို ဇလုံအကြီးတစ်လုံးထဲ ပေါင်းထည့်ကာ ၅ မိနစ်မှ ၁၀ မိနစ်ခန့်အထိ နယ်ပေးလိုက်ပါ။

၂။ ဖက်ထုပ်ပြုလုပ်ရန် ဂျုံပြားတစ်ပြားကို ယူလိုက်ပါ။ ဂျုံပြားရဲ့ အလယ်ဗဟိုတည့်တည့်ပေါ်တွင် စောစောကနယ်ထားသော အစာသွပ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာခန့်ကို ထည့်ကာ ဂျုံပြားကို လှလှပပလေး လိပ်ပေးလိုက်ပါ။

၃။ ဂျုံပြားအားလုံး လိပ်ပြီးသွားပါက အိုးတစ်လုံးထဲသို့ ရေထည့်ပြီးနောက် ရေဆူလာပါက ဖက်ထုပ်များ ထည့်ကာ အိုးအဖုံးဖွင့်လျက်သားဖြင့် ၃ မိနစ်မှ ၅ မိနစ်ခန့်အထိ ပြုတ်ပေးလိုက်ပါ။ ဖက်ထုပ်များ ပေါလောပေါ်လာပါက အိုးထဲမှ ဆယ်ယူလိုက်ပါ။

၄။ အခြားအိုးတစ်လုံးကို အပူပေးပြီး ဝက်သားပြုတ်ရည် (သို့) ကြက်ပြုတ်ရည်ထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပါက ပဲငံပြာရည်အကြည်၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်မြိတ်တို့ထည့်ကာ သမအောင် မွှေလိုက်ပါ။ မီးဖိုပေါ်က ချခါနီးကျမှ ဖက်ထုပ်နှင့် မုန်ညှင်းရွက်တို့ထည့်လိုက်ပါ။ ဆားအနည်းငယ်ထည့်ပြီးနောက် အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ မုန်ညှင်းရွက် အသားဖက်ထုပ်ဟင်းရည်လေး ရရှိသွားပါပြီ။ အားရပါးရ သုံးဆောင်လိုက်ပါ။

Source: Thewoksoflife.com