အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ဝက်သားစဉ်းကော အာလူးကပ်သလစ်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူးထောင်း ပန်းကန်လုံး ၂ လုံးစာ
  • ဝက်သား ၇ အောင်စ (နုပ်နုပ်စဉ်းထားပါ)
  • နံနံပင် ၁ ပင် (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ကြက်သွန်နီ တစ်ခြမ်း (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ကြက်သွန်မြိတ် ၁ ပင်

  • ကြက်ဥ ၂ လုံး
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • Cheddar ချိစ် ပန်းကန်လုံး ၁ လုံးစာ (အချောင်းလိုက် လှီးဖြတ်ထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြော်ရန် ဆီ (သို့) ထောပတ်၊ ငရုတ်သီးမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ် ထည့်ပါ။ ဆီပူလာပါက နံနံပင်နှင့် ကြက်သွန်နီတို့ထည့်ကာ ဆီသတ်လိုက်ပါ။

၂။ ထို့နောက် ဝက်သားများထည့်ကာ သမအောင် မွှေကြော်လိုက်ပါ။

၃။ ရရှိလာတဲ့ ဝက်သားစဉ်းကောကြော်ကို ပန်းကန်လုံးထဲထည့်ကာ အအေးခံထားလိုက်ပါ။

၄။ အေးသွားပြီဆိုရင်တော့ ထိုပန်းကန်လုံးထဲသို့ အာလူးထောင်း၊ Cheddar ချိစ်၊ ဝက်သားစဉ်းကောကြော်၊ ကြက်သွန်မြိတ်၊ ဂျုံမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးမှုန့်တို့ထည့်ကာ သမအောင် နယ်ပါ။ ထို့နောက် ကြက်ဥထည့်ကာ သမအောင် ထပ်နယ်ပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ အာလူး ဝက်သားကို အနေတော် လုံးပြီးနောက် ခပ်ဖိဖိလေး ဖိပေးလိုက်ပါ။

၆။ ထို့နောက် ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက အာလူးပြားများထည့်ကာ နှစ်ဖက်စလုံးကို ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သား အာလူးကပ်သလစ်လေးများ ရရှိသွားပါပြီ။

Source: Thesaltypot.com