အားလုံးပဲ မင်္ဂလာပါ။ အသားဟင်းချည်းပဲ စားနေရလို့ ငြီးငွေ့နေသူများအတွက် ဒီတစ်ခါမှာတော့ အရသာရှိတဲ့ အရွက်ကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။ ဟင်းရွက်ချည်းပဲ မဟုတ်ဘဲ ကြက်ဥနဲ့ မွှေကြော်မှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
  • မုန်လာဥနီ ၁ လုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ငရုတ်ပွအစိမ်း ၁ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • အပ်မှို တစ်စည်း

  • ဆီ စားပွဲတင်ဖွန်း ၂ ဖွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်ဏထည့်ကာ ကြော်လိုက်ပါ။ ကြက်ဥ မကျက်တကျက်အချိန်မှာ ကြက်ဥများကို ဇွန်းဖြင့် မွှေပေးလိုက်ပါ။ စက္ကန့် (၃၀) ခန့်ကြာပါက ပန်းကန်ပြားထဲ ဖယ်ထည့်ထားလိုက်ပါ။

၂။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းထပ်ထည့်ကာ မုန်လာဥနီ၊ ငရုတ်ပွတို့ထည့်ကာ ၂ မိနစ်ခန့် အလယ်အလတ်မီးအပူချိန်ဖြင့် ကြော်ပေးလိုက်ပါ။

၃။ အပ်မှိုနှင့် ကြက်သွန်ဖြူထည့်ကာ မွှေကြော်ပါ။ ဆားနှင့် ပဲငံပြာရည်တို့ထည့်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် သမအောင် ကြော်ပေးလိုက်ပါ။

၄။ ထို့နောက် စောစောကကြော်ထားသော ကြက်ဥများထည်ပြီး နောက်ထပ်တစ်မိနစ်ခန့် သမအောင် မွှေကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဟင်းရွက်စုံ ကြက်ဥမွှေကြော်လေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်လိုက်ပါ။

Source: Spicetheplate.com