ပါဝင်ပစ္စည်းများ

  • ဆီ – ၂ ဇွန်း စားပွဲ ဇွန်း
  • နှမ်းဆီ – ၁ ဇွန်း လ္ဘက်ဇွန်း
  • ဆား – ၀.၂၅ (၁/၄) ဇွန်း လ္ဘက်ဇွန်း
  • ချင်း – လက် ၂ ဆစ် (အချောင်းလိုက်လေးလှီးထားပါ)
  • ငရုတ်ပွနီ – ၁ ခု (အရှည်လိုက်လှီးထားပါ)

Source: Organic Facts

  • ဖရုံသခွား – ၁ လုံး ( အကွင်းလိုက်ပါးပါးလှီးထားပါ)
  • ပန်းဂေါ်ဖီ – တစ်ဝက် ပွင့် (အနေတော်လေး လှီးထားပါ)
  • ပန်းဂေါ်ဖီစိမ်း – တစ်ဝက် ပွင့် (အနေတော်လေး လှီးထားပါ)
  • ပဲစိမ်း – ၁ ထုပ် (ထိပ်ဖြတ်ထားပါ)

  • ပုစွန်ငံပြာရည် – ၁ ဇွန်း လ္ဘက်ဇွန်း
  • ပဲငံပြာရည် – ၁ ဇွန်း လ္ဘက်ဇွန်း
  • ခနောကြက်သားမှုန့် – ၁ ဇွန်း ခွဲ လ္ဘက်ဇွန်း
  • ကြက်ပြုတ်ရည် – ၂ ဇွန်း စားပွဲဇွန်း

ပြုလုပ်နည်း

  1. ဒယ်အိုးထဲ ဆီထည့်ပြီးအပူပေးပါ။ ဆီပူလျှင် ချင်း ထည့်ပြီး ကြော်ပါ။ ချင်း မွှေးလာလျှင် အသီးအရွက်များ ထည့်ပြီး ၂ မိနစ်လောက်ထပ်တည်ပါ။ ပြီးလျှင် ကျန်ပါဝင်ပစ္စည်းများ ထပ်ထည့်ပြီး မွှေပေးပါ။ ဆားမြည်းပြီး လိုတာထပ်ဖြည့်ပါ။ ပူပူလေးသုံးဆောင်ပါ။

Knorr