ရေညှိဟင်းချိုဆိုတာကတော့ ကိုရီးယားလူမျိုးတွေ ထမင်းစားတဲ့အခါ တွဲဖက်စားသုံးလေ့ရှိတဲ့ ကိုရီးယားအစားအစာတစ်မျိုးပဲဖြစ်ပါတယ်။ ထိုကိုရီးယားအစားအစာကို မြန်မာလူမျိုးတွေရဲ့ပါးစပ်နဲ့ အစပ်အဟပ်တည့်အောင် ဘယ်လိုချက်ပြုတ်ပြင်ဆင်ရမလဲဆိုတာကို MyFood Myanmar ကနေ ဖော်ပြပေးလိုက်ချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေညှိခြောက် ၅ ဂရမ်
  • ကြက်ပြုတ်ရည် ၉၅၀ မီလီလီတာ
  • ရေ ၂၃၅ မီလီလီတာ
  • ပုစွန်ခြောက် ၅ ဂရမ် (မထည့်လည်း ရပါတယ်)
  • နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်

  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးကို အပူပေးပြီးနောက် ရေညှိထည့်ကာ တစ်ဖက်ခြမ်းစီကို တစ်မိနစ်စီအပူပေးပါ။ ထို့နောက် ပန်းကန်ပြားထဲ ပြန်ဆယ်ယူထားပါ။

၂။ အိုးထဲသို့ ကြက်ပြုတ်ရည်နှင့် ရေထည့်ကာ ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၃။ ဆူပွက်လာပါက ပုစွန်ခြောက် (အသုံးပြုပါက ထည့်ရန်)၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်နှင့် စောစောကလှော်ထားသော ရေညှိများထည့်ကာ ထပ်မံဆူပွက်လာအောင် တည်ထားလိုက်ပါ။

၄။ ဟင်းရည်ကဆူပွက်လာပြီဆိုရင်တော့ မွှေခလောက်ထားသော ကြက်ဥများ ထည့်ပါ။ ထို့နောက် ပါးပါးလှီးထားသော ကြက်သွန်မြိတ်များထည့်ပါ။ ဇွန်းဖြင့် မွှေပြီးနောက် ဆူပွက်လာအောင် တည်ထားလိုက်ပါ။

ဟင်းရည်ဆူပွက်လာပါက အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

နောက်ဆုံးမှာတော့ အရသာပြီးပြည့်စုံတဲ့ ကြက်ဥ ရေညှိဟင်းချိုလေး ရရှိသွားပါပြီ။

ထမင်းစားတဲ့အခါ ထိုဟင်းချိုပူပူလေးနဲ့ အရသာရှိရှိတွဲဖက်စားသုံးနိုင်ပါတယ်။

Source: Thewoksoflife.com