အာလူး ကြက်သားဟင်းဆိုတာ ဘယ်တော့မှ ရိုးအီမသွားတဲ့ ဟင်းပွဲတစ်မျိုးပဲဖြစ်ပါတယ်။ ထိုဟင်းပွဲကို ကိုရီးယားစတိုင်လ် ဘယ်လိုပြင်ဆင်ချက်ပြုတ်နိုင်သလဲဆိုတာကို MyFood Myanmar ရဲ့အစားအသောက်ချစ်သူတို့အတွက် ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ကီလိုဂရမ်
  • နွားနို့ ၂၅၀ မီလီလီတာ (စားပွဲတင်ဇွန်း ၁၆ ဇွန်း)
  • အာလူး ၃ လုံး
  • မုန်လာဥနီ တစ်ဝက်
  • ကြက်သွန်နီ ၁ ဥ

  • ငရုတ်သီးတောင့် ၂ တောင့်
  • ကြက်သွန်မြိတ် ၁ ပင်
  • ရေ ၂ ခွက် (စားပွဲတင်ဇွန်း ၃၂ ဇွန်း)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁၀ ဇွန်း
  • ငရုတ်သီးနှစ် စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း

  • ပျားရည် စားပွဲတင်ဇွန်း ၆ ဇွန်း
  • ကြက်သွန်နီ တစ်ခြမ်း (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၅ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးကို အနေတော်တုံးပြီးနောက် နွားနို့ထဲတွင် မိနစ် ၃၀ ခန့် စိမ်ထားပါ။

၂။ အာလူးများကို အခွံခွာပြီးနောက် တစ်ဝက်စီ ခြမ်းထားပါ။

၃။ ပန်းကန်လုံးတစ်လုံးထဲသို့ ပဲငံပြာရည် ၁၀ ဇွန်း၊ ငရုတ်နှစ် ၄ ဇွန်း၊ ငရုတ်သီးမှုန့် ၂ ဇွန်း၊ ပျားရည် ၆ ဇွန်း၊ ကြက်သွန်နီ၊ ဆန်ဝိုင်၊ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်ကာ သမအောင် ရောမွှေထားပါ။

၄။ ကြက်သား နှပ်ထားတဲ့အချိန်က မိနစ် ၃၀ ပြည့်သွားတဲ့အခါမှာတော့ ကြက်သားများကို ဆယ်ယူပြီး ရေဖြင့် ဆေးကြောလိုက်ပါ။

၅။ ထို့နောက် အိုးအကြီးတစ်လုံးထဲသို့ ကြက်သားများထည့်ပါ။ ရေ ၂ ခွက် ထည့်ပါ။ အဆင့် (၃) က ပဲငံပြာရည်အရောအနှောများ လောင်းထည့်ကာ မီးပြင်းပြင်းဖြင့် ဆူပွက်လာအောင်တည်ပါ။

၆။ ဆူပွက်လာပါက အာလူးများထည့်ကာ မီးအပူချိန်လျော့ပြီး မိနစ် ၃၀ ခန့် တည်ပါ။ (၁၅ မိနစ်ပြည့်တိုင်းမှာ တစ်ကြိမ်စီ သမအောင် မွှေပေးပါ။

၇။ မိနစ် ၃၀ ပြည့်ပါက မုန်လာဥနီ၊ ကြက်သွန်နီနှင့် ငရုတ်သီးတောင့်တို့ထည့်ကာ မုန်လာဥနီများ ပျော့သွားသည်အထိ (၁၀ မိနစ်ခန့်) တည်ထားပါ။

ထိုအဆင့်များ အားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် အာလူး ကြက်သားဟင်း စပ်စပ်လေး ရရှိသွားပါပြီ။

Source: Futuredish.com