အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အစားစားတဲ့အခါတိုင်း ကယ်လိုရီတွက်နေတဲ့သူတွေ၊ ကိုယ်အလေးချိန်လျှော့ချနေသူတွေ၊ ဝိတ်တက်မှာ စိုးရိမ်နေသူတွေအတွက် အရမ်းကို အဆင်ပြေမယ့် ပန်းမုန်လာစိမ်းပြုတ် နှမ်းဖြူးလေးကို အိမ်မှာ လုပ်စားရအောင်နော်။
အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် စာဖတ်သူတို့လည်း အကြိုက်တွေ့ကြမယ်လို့ ယုံကြည်ပါတယ်။
ပါဝင်ပစ္စည်း
- ပန်းမုန်လာစိမ်း တစ်ပွင့်
- ဆား အနည်းငယ်
- နှမ်း အနည်းငယ် (လှော်လိုက်ပါ)
- နှမ်းဆီ အနည်းငယ်
- ကြက်သွန်ဖြူ အနည်းငယ်
ပြုလုပ်နည်း
ပန်းမုန်လာစိမ်းကို အတုံးလေးတွေ လှီးလိုက်ပါ။
ပြီးရင်ရေသေချာဆေးပြီး ဆားနည်းနည်းထည့်ကာ ပြုတ်လိုက်ပါ။
ရပြီဆိုရင် ရေအေးနဲ့စိမ်ပြီး ရေစစ်ချလိုက်ပါ။
အဲဒီနောက် နှမ်း၊ ဆား၊ နှမ်းဆီ တို့ ရောလိုက်ပြီး နှယ်ပေးလိုက်ပါ။
ဒါဆို သုံးဆောင်လို့ရပါပြီနော်။
Source: www.koreanbapsang.com
By: MyFood Myanmar