အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အစားစားတဲ့အခါတိုင်း ကယ်လိုရီတွက်နေတဲ့သူတွေ၊ ကိုယ်အလေးချိန်လျှော့ချနေသူတွေ၊ ဝိတ်တက်မှာ စိုးရိမ်နေသူတွေအတွက် အရမ်းကို အဆင်ပြေမယ့် ပန်းမုန်လာစိမ်းပြုတ် နှမ်းဖြူးလေးကို အိမ်မှာ လုပ်စားရအောင်နော်။

အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် စာဖတ်သူတို့လည်း အကြိုက်တွေ့ကြမယ်လို့ ယုံကြည်ပါတယ်။

ပါဝင်ပစ္စည်း

  • ပန်းမုန်လာစိမ်း တစ်ပွင့်
  • ဆား အနည်းငယ်
  • နှမ်း အနည်းငယ် (လှော်လိုက်ပါ)
  • နှမ်းဆီ အနည်းငယ်
  • ကြက်သွန်ဖြူ အနည်းငယ်

ပြုလုပ်နည်း

ပန်းမုန်လာစိမ်းကို အတုံးလေးတွေ လှီးလိုက်ပါ။

ပြီးရင်ရေသေချာဆေးပြီး ဆားနည်းနည်းထည့်ကာ ပြုတ်လိုက်ပါ။

ရပြီဆိုရင် ရေအေးနဲ့စိမ်ပြီး ရေစစ်ချလိုက်ပါ။

ကိုယ်အလေးချိန်လျော့ချနေသူတွေ ဝိတ်တက်မှာ စိုးရိမ်နေသူတွေအတွက် ပန်းမုန်လာစိမ်း နှမ်းဖြူး

အဲဒီနောက် နှမ်း၊ ဆား၊ နှမ်းဆီ တို့ ရောလိုက်ပြီး နှယ်ပေးလိုက်ပါ။

ဒါဆို သုံးဆောင်လို့ရပါပြီနော်။

Source: www.koreanbapsang.com

By: MyFood Myanmar