အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ကြက်သား ရွှေပဲသီး နှမ်းကပ်ကြော်ဟင်းလျာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၅ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၄ ဇွန်း
  • ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်ရင်အုံသား ၁ ပေါင်ခွဲ (အတုံးသေးသေး တုံးထားပါ)
  • သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၆ ဇွန်း

  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၃ မြိတ် (ပါးပါးလှီးထားပါ)
  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၂၀ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၃ ဇွန်း

  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ဇွန်း
  • ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးထောင်း လက်ဖက်ရည်ဇွန်း ၁ ဖွန်း
  • ရွှေပဲသီး ပန်းကန်လုံးအသေး ၄ လုံးစာ
  • နှမ်းစေ့ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေး တစ်လုံးထဲတွင် ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း၊ နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ပျားရည်တို့ကို သမအောင် ရောမွှေပါ။ ထို့နောက် ကြက်သားတုံးများပေါ် ဆမ်းထည့်ကာ သမအောင် နယ်ပါ။ မိနစ် ၂၀ ခန့် နှပ်ထားပါ။

၂။ သတ်မှတ်ချိန်ပြည့်ပါက ကြက်သားတုံးများကို အရည်စစ်ယူပါ။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။ ထို့နောက် ကြက်သားတုံးများထည့်ကာ ၃ မိနစ်မှ ၅ မိနစ်ခန့် ကြော်ပါ။ ကြော်ပြီးသား ကြက်သာတုံးများကို ပန်းကန်လုံးထဲသို့ ပြောင်းထည့်လိုက်ပါ။

၃။ ကျန်ရှိနေသော သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ဒယ်အိုးထဲ ထပ်ထည့်ပါ။ ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူတို့ထည့်ကာ ၁ မိနစ်ခန့် ဆီသတ်ပါ။

ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ကြက်ပြုတ်ရည်၊ ပြောင်းမှုန့်၊ ရှာလကာရည်၊ ငရုတ်သီးထောင်းနှင့် ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို သမအောင် ရောမွှေပါ။ ထို့နောက် ဒယ်အိုးထဲထည့်ပြီး ၃ မိနစ်ခန့် ပျစ်သွားသည်အထိ တည်ပေးပါ။ ထို့နောက် ကျန်ရှိနေသော နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း ထပ်ထည့်ပါ။

၄။ ထို့နောက် ကြက်သားကြော်များ ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ပြီးရင်တော့ ပန်းကန်ပြားတစ်ချပ်ထဲ ပြောင်းထည့်လိုက်ပါ။

၅။ အခြားဒန်အိုးတစ်လုံးထဲတွင် ရေထည့်ပြီး ဆူပွက်လာအောင် တည်ပါ။ ဆူပွက်လာပါက ရွှေပဲသီးများ ထည့်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် ပြုတ်ပါ။

ပြုတ်ပြီးသား ရွှေပဲသီးများကို အရည်မပါအောင် သေချာစစ်ယူပြီးနောက် ကြက်သားပန်းကန်ထဲ ပေါင်းထည့်လိုက်ပါ။ ထို့နောက် နှမ်းစေ့အနည်းငယ်နှင့် ကြက်သွန်မြိတ်တို့ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သား ရွှေပဲသီးနှမ်းကပ်ကြော်လေး ရရှိသွားပါပြီ။

Source: Foodnetwork.com