အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ဟင်းရွက်စုံ ကြက်သားကြော်ဟင်းလျာပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငရုတ်ပွအနီ ၂ ခု
- ကြက်သွန်နီ ၁ ဥ
- ကညွှတ် ၁ ပေါင်
- ကြော်ရန် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်ရင်အုံသား ၁ ပေါင် (အနေတော်အတုံး တုံးထားပါ)
- ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
ဆော့စ်ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ
- ပဲငံပြာရည် ၆၀ မီလီလီတာ
- ပျားရည် စားပွဲတင်ဇွန်း ၂ ဖွန်း
- ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း (ပါးပါးလှီးထားပါ)
- ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါလှီးထားပါ)
- ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ငရုတ်နှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်ပြုတ်ရည် ၂၅၀ မီလီလီတာ
- လှော်ပြီးသား နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အရင်ဦးဆုံး နှမ်းစေ့ကို လှော်ပေးထားလိုက်ပါ။ ကြက်သွန်မြိတ်ကို ပါးပါးလှီးပြီးနောက် ပန်းကန်လုံးအသေးထဲ ထည့်ထားလိုက်ပါ။
၂။ ငရုတ်ပွ၊ ကြက်သွန်နီနှင့် ကညွှတ်တို့ကို ပါးပါးလှီးထားလိုက်ပါ။
၃။ ကြက်သားကို ပြောင်းမှုန့်၊ ပဲငံပြာရည်နှင့် နှမ်းဆီတို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။
၄။ ပန်းကန်လုံးအသစ်တစ်လုံးထဲတွင် ပဲငံပြာရည်၊ ပျားရည်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဆန်ရှာလကာရည်၊ ကြက်ပြုတ်ရည်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။
၅။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ကြက်သားထည့်ကာ ကြော်ပေးလိုက်ပါ။ ကြက်သားက ရွှေညိုရောင်ပြောင်းသွားပြီဆိုရင်တော့ ပန်းကန်ထဲ ပြောင်းထည့်ထားလိုက်ပါ။
၆။ ထို့နောက် ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ပြီး ငရုတ်ပွ၊ ကြက်သွန်နီနှင့် ကညွှတ်တို့ထည့်ပြီး ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၇။ ဟင်းရွက်များ နူးအိသွားပြီဆိုရင်တော့ ကြက်ပြုတ်ရည် အရောအနှောနှင့် ကြက်သားတို့ထည့်ကာ တစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၈။ နှမ်းစေ့နှင့် ကြက်သွန်မြိတ်တို့ ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ ထိုအဆင့်များ အားလုံးပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ ဟင်းရွက်စုံ ကြက်သားကြော်လေး ရရှိသွားပါပြီ။
Source: Getinspiredeveryday.com