(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ဟင်းရွက်စုံ ကြက်သားကြော်ဟင်းလျာပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငရုတ်ပွအနီ ၂ ခု
- ကြက်သွန်နီ ၁ ဥ
- ကညွှတ် ၁ ပေါင်
- ကြော်ရန် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်ရင်အုံသား ၁ ပေါင် (အနေတော်အတုံး တုံးထားပါ)
- ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
ဆော့စ်ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ
- ပဲငံပြာရည် ၆၀ မီလီလီတာ
- ပျားရည် စားပွဲတင်ဇွန်း ၂ ဖွန်း
- ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း (ပါးပါးလှီးထားပါ)
- ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါလှီးထားပါ)
- ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ငရုတ်နှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်ပြုတ်ရည် ၂၅၀ မီလီလီတာ
- လှော်ပြီးသား နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အရင်ဦးဆုံး နှမ်းစေ့ကို လှော်ပေးထားလိုက်ပါ။ ကြက်သွန်မြိတ်ကို ပါးပါးလှီးပြီးနောက် ပန်းကန်လုံးအသေးထဲ ထည့်ထားလိုက်ပါ။
၂။ ငရုတ်ပွ၊ ကြက်သွန်နီနှင့် ကညွှတ်တို့ကို ပါးပါးလှီးထားလိုက်ပါ။
၃။ ကြက်သားကို ပြောင်းမှုန့်၊ ပဲငံပြာရည်နှင့် နှမ်းဆီတို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။
၄။ ပန်းကန်လုံးအသစ်တစ်လုံးထဲတွင် ပဲငံပြာရည်၊ ပျားရည်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဆန်ရှာလကာရည်၊ ကြက်ပြုတ်ရည်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။
၅။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ကြက်သားထည့်ကာ ကြော်ပေးလိုက်ပါ။ ကြက်သားက ရွှေညိုရောင်ပြောင်းသွားပြီဆိုရင်တော့ ပန်းကန်ထဲ ပြောင်းထည့်ထားလိုက်ပါ။
၆။ ထို့နောက် ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ပြီး ငရုတ်ပွ၊ ကြက်သွန်နီနှင့် ကညွှတ်တို့ထည့်ပြီး ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၇။ ဟင်းရွက်များ နူးအိသွားပြီဆိုရင်တော့ ကြက်ပြုတ်ရည် အရောအနှောနှင့် ကြက်သားတို့ထည့်ကာ တစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၈။ နှမ်းစေ့နှင့် ကြက်သွန်မြိတ်တို့ ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ ထိုအဆင့်များ အားလုံးပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ ဟင်းရွက်စုံ ကြက်သားကြော်လေး ရရှိသွားပါပြီ။
Source: Getinspiredeveryday.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ဒီတစ္ခါမွာ ေဝမွ်ေပးခ်င္တဲ့ ဟင္းလ်ာေလးကေတာ့ ဟင္းရြက္စံု ၾကက္သားေၾကာ္ဟင္းလ်ာပဲျဖစ္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ငရုတ္ပြအနီ ၂ ခု
- ၾကက္သြန္နီ ၁ ဥ
- ကညႊတ္ ၁ ေပါင္
- ေၾကာ္ရန္ ဆီ စားပြဲတင္ဇြန္း ၁ ဇြန္း
- ၾကက္ရင္အံုသား ၁ ေပါင္ (အေနေတာ္အတံုး တံုးထားပါ)
- ေျပာင္းမႈန္႔ စားပြဲတင္ဇြန္း ၂ ဇြန္း
- ပဲငံျပာရည္ စားပြဲတင္ဇြန္း ၂ ဇြန္း
- ႏွမ္းဆီ စားပြဲတင္ဇြန္း ၁ ဇြန္း
ေဆာ့စ္ျပဳလုပ္ရန္ လိုအပ္ေသာပါဝင္ပစၥည္းမ်ား
- ပဲငံျပာရည္ ၆၀ မီလီလီတာ
- ပ်ားရည္ စားပြဲတင္ဇြန္း ၂ ဖြန္း
- ဂ်င္း စားပြဲတင္ဇြန္း ၁ ဇြန္း (ပါးပါးလွီးထားပါ)
- ၾကက္သြန္ျဖဴ ၂ ျမႊာ (ပါးပါလွီးထားပါ)
- ဆန္ရွာလကာရည္ စားပြဲတင္ဇြန္း ၂ ဇြန္း
- ငရုတ္ႏွစ္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း
- ၾကက္ျပဳတ္ရည္ ၂၅၀ မီလီလီတာ
- ေလွာ္ၿပီးသား ႏွမ္းေစ့ စားပြဲတင္ဇြန္း ၁ ဇြန္း
- ၾကက္သြန္ၿမိတ္ ၂ ပင္ (ပါးပါးလွီးထားပါ)
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ အရင္ဦးဆံုး ႏွမ္းေစ့ကို ေလွာ္ေပးထားလိုက္ပါ။ ၾကက္သြန္ၿမိတ္ကို ပါးပါးလွီးၿပီးေနာက္ ပန္းကန္လံုးအေသးထဲ ထည့္ထားလိုက္ပါ။
၂။ ငရုတ္ပြ၊ ၾကက္သြန္နီႏွင့္ ကညႊတ္တို႔ကို ပါးပါးလွီးထားလိုက္ပါ။
၃။ ၾကက္သားကို ေျပာင္းမႈန္႔၊ ပဲငံျပာရည္ႏွင့္ ႏွမ္းဆီတို႔ျဖင့္ သမေအာင္ နယ္ထားလိုက္ပါ။
၄။ ပန္းကန္လံုးအသစ္တစ္လုံးထဲတြင္ ပဲငံျပာရည္၊ ပ်ားရည္၊ ဂ်င္း၊ ၾကက္သြန္ျဖဴ၊ ဆန္ရွာလကာရည္၊ ၾကက္ျပဳတ္ရည္တို႔ကို သမေအာင္ ေရာေမႊထားလိုက္ပါ။
၅။ ဒယ္အိုးတစ္လံုးကို အပူေပးၿပီး ၾကက္သားထည့္ကာ ေၾကာ္ေပးလိုက္ပါ။ ၾကက္သားက ေရႊညိဳေရာင္ေျပာင္းသြားၿပီဆိုရင္ေတာ့ ပန္းကန္ထဲ ေျပာင္းထည့္ထားလိုက္ပါ။
၆။ ထို႔ေနာက္ ဒယ္အိုးထဲသုိ႔ ဆီ စားပြဲတင္ဇြန္း တစ္ဇြန္းထည့္ၿပီး ငရုတ္ပြ၊ ၾကက္သြန္နီႏွင့္ ကညႊတ္တို႔ထည့္ၿပီး ၃ မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။
၇။ ဟင္းရြက္မ်ား ႏူးအိသြားၿပီဆိုရင္ေတာ့ ၾကက္ျပဳတ္ရည္ အေရာအေႏွာႏွင့္ ၾကက္သားတို႔ထည့္ကာ တစ္မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။
၈။ ႏွမ္းေစ့ႏွင့္ ၾကက္သြန္ၿမိတ္တို႔ ထည့္ကာ အရသာအေပါ့အငန္ျမည္းၾကည့္လိုက္ပါ။ ထိုအဆင့္မ်ား အားလံုးၿပီးသြားၿပီဆိုရင္ေတာ့ အရသာရွိတဲ့ ဟင္းရြက္စံု ၾကက္သားေၾကာ္ေလး ရရွိသြားပါၿပီ။
Source: Getinspiredeveryday.com