အားလုံးပဲ မင်္ဂလာပါ။ ဟင်းနုနွယ်ကို ဟင်းနုနွယ်ကြော်ချည်းပဲ လုပ်စားနေရတာ ငြီးငွေ့နေသူများအတွက် ဒီတစ်ခါမှာတော့ ပုံစံတစ်မျိုးပြောင်းတဲ့အနေနဲ့ ဟင်းရွက်သုပ်ပုံစံလုပ်စားနည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းနုနွယ် ၁ စည်း (အရွက်များ ခြွေထားပါ)
  • အပ်မှို ၁ စည်း
  • နှမ်းနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေခဲရေ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ထောင်းထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားအနည်းငယ်
  • ရှာလကာရည် စားပွဲတင်ဇွန်းတစ်ဝက်
  • နှမ်းဆီ စားပွဲတင်ဇွန်းတစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပွက်ပွက်ဆူနေသော ရေနွေးပူထဲတွင် ဆားအနည်းငယ်ထည့်လိုက်ပါ။

၂။ ထိုရေနွေးပူထဲတွင် မှိုနှင့် ဟင်းနုနွယ်တို့ထည့်ပြီး ၂ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။ ၂ မိနစ်ပြည့်တာနဲ့ ပန်းကန်လုံးအကြီးတစ်လုံးထဲသို့ ချက်ချင်းဆယ်ယူလိုက်ပါ။

၃။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် နှမ်းနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ရေခဲရေ စားပွဲတင်ဇွန်း ၃ ဇွန်း၊ ထောင်းထားသော ကြက်သွန်ဖြူ၊ ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဝက်၊ ဆားအနည်းငယ်၊ ရှာလကာရည် စားပွဲတင်ဇွန်းတစ်ဝက်၊ နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဝက်တို့ကို သမအောင် ရောမွှေပေးလိုက်ပါ။

၄။ ရရှိလာတဲ့ဆော့စ်အနှစ်များကို ဟင်းနုနွယ်ခွက်ထဲ လောင်းထည့်လိုက်ပါ။ ထို့နောက် သမအောင် ရောနယ်ကာ သုတ်ပေးလိုက်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ဟင်းနုနွယ်မှိုသုပ်လေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com