ကြက်ဥဆိုတာနဲ့ ပြုတ် ၊ ကြော် ဘယ်လိုလေး လုပ်စားမလဲ စဉ်းစားကြတာပေါ့ ။ အခုတော့ အဆန်လေး တွေ့လိုက်လို့ MyFood မိတ်ဆွေတို့ကို ပြန်ရှယ်ပေးလိုက်ပါတယ်။ (ကြက်ဥထောင်းကို ပြန်လည်ဆန်းသစ်ထားတာပါ ။)
ပါဝင်ပစ္စည်းများ
- ကြက်ဥ – ၃ လုံး
- ကြက်သွန်နီ – အသေး တစ်လုံး
- စပါးလင် – လက်နှစ်ဆစ်
- ငရုတ်သီး – ၄ တောင့်
- နံနံပင် – ၂ ပင်
- ရှမ်းနံနံ – ၃ ရွက်
- ကြက်သွန်မြိတ် – ၁ ပင်
- ဂျင်း – ၁ လွှာ
- ဂျူးမြစ် – ၅ ပင်
- ငါးငံပြာရည် – ၂ စားပွဲတင်ဇွန်း
- သကြား – ၁ လက်ဖက်ရည်ဇွန်း
- သံပုရာသီး – ၂ လုံး
- ပုဇွန်ခြောက်မှုန့် – တစ်ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
- ကြက်ဥကို (၈ မိနစ်) ပြုတ်ပြီး ရေအေးစိမ်ထားပါ ။ အခွံနွှာ ထက်ခြမ်းခြမ်းပါ ။
- ပါဝင်ပစ္စည်းများကို နုပ်နုပ်စဉ်းပါ ။ အရသာအားလုံး ရောနောပြီးကြက်ဥပေါ်တင်ပါ ။ အရသာရှိသော ကြက်ဥသုပ်ကို မိမိနှစ်သက်သလိုသုံးဆောင်နိုင်ပါပြီ ။
Credit: Phoo Htoo