ဝိတ်ချနေပေမယ့် Cheese ကိတ်လည်းစားချင်တယ် ၊ ဝိတ်တက်မှာလည်းကြောက်တယ်ဆိုရင် ဒီမုန့်လေးစားလို့ရပါတယ်။ ဒိန်ချဉ်ချိစ်ကိတ်က ပုံမှန်ချိစ်ကိတ်နဲ့  ဆင်တူပေမယ့် Cream Cheese တို့မပါဝင်တာကြောင့် ပုံမှန်ချိစ်ကိတ်ထက် ကယ်လိုရီနဲ့ အဆီနည်းပါးပါတယ်။

ပါဝင်ပစ္စည်းများ

  • Nonfat Vanilla Greek Yogurt    1 2/3 ခွက် (400 ဂရမ်)
  • နို့ဆီ  3/4 cup (177ml/228 g)
  • ပြောင်းဖူးမှုန့် 4 ဇွန်း (32 ဂရမ်)

 

ပြုလုပ်ပုံအဆင့်ဆင့်

6 လက်မအရွယ် ကိတ်မုန့်ဒယ်အိုးရဲ့အတွင်းပိုင်းကို ဟင်းချက်ဆီဖြန်းပေးပါ။ အောက်ခြေနဲ့  ဘေးနှစ်ဖက်ကို Parchment စက္ကူနဲ့ ကာလိုက်ပါ။

ဒိန်ချဉ်နဲ့  နို့ဆီများကို ဇလုံကြီးတစ်ခုထဲမှာ သမအောင် သေချာထည့်မွှေပါ။ ပြောင်းမှုန့်ထည့်ပါ။ ဂျုံမှုန့် မကျန်မချင်း မွှေပေးပါ။

မီးဖိုကို 350°F (177°C) တွင်အပူပေးပါ။ 40-45 မိနစ်ခန့် (သို့) ကိတ်မုန့် ဖောင်းလာတဲ့အထိ ဖုတ်ပါ။

ကိတ်မုန့်ကို အခန်းအပူချိန်မှာ အအေးခံပြီး မစားခင် အနည်းဆုံး ၁ နာရီ လောက် ရေခဲသေတ္တာထဲမှာ ထည့်ထားပါ။ ကိတ်မုန့်ကို ရေခဲသေတ္တာထဲထည့်ထားတာက အနံ့အရသာကို တိုးစေတာကြောင့်ပါ။