အားလုံးပဲ မင်္ဂလာပါ။ ငရုတ်သီး အရောင်တင်မှုန့် လုံးဝမသုံးထားဘဲ ခရမ်းချဉ်သီးကြောင့် နီရဲရဲလေးဖြစ်တဲ့ ဟင်းရွက်စုံ ဝက်နံရိုးဟင်းချိုကို အရသာရှိအောင် ဘယ်လိုချက်ပြုတ်ရမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး ၂ ပေါင်
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ ၂ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၆ မြွှာ (ဓားပြား ရိုက်ထားပါ)
  • ခရမ်းချဉ်သီး ၃ လုံး (အနေတော် အတုံး တုံးထားပါ)နှင့် ခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း

  • အာလူး ၁ ပေါင် (အခွံခွာပြီး အတုံးခပ်ကြီးကြီး တုံးထားပါ)
  • ရေ ၂ လီတာခွဲ
  • မုန်လာဥနီ ၂ လုံး (အတုံး ခပ်ကြီးကြီး တုံးထားပါ)
  • ဂေါ်ဖီထုပ် ၄ ပုံ ၁ ပုံ (အနေတော် လှီးဖြတ်ထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်နံရိုးများကို ရေဆေးပြီးနောက် ခြောက်သွေ့သွားအောင် အဝတ်စဖြင့် သုတ်ထားလိုက်ပါ။ အိုးတစ်လုံးထဲသို့ ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး အပူပေးပါ။

၂။ ဆီပူလာပါက ဝက်နံရိုးများထည့်ပြီး အညိုရောင်ပြောင်းသွားသည်အထိ မွှေပေးလိုက်ပါ။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ထည့်ပြီးနောက် ကြက်သွန်နီများ ပျော့သွားသည်အထိ မွှေပေးလိုက်ပါ။

၃။ ကြက်သွန်နီက ပျော့သွားပြီဆိုရင်တော့ ခရမ်းချဉ်သီးထည့်ကာ ခရမ်းချဉ်သီးက ဆီထဲတွင် ပျော်ဝင်သွားသည်အထိ မွှေပေးရပါမယ်။

၄။ ဆီက ခရမ်းချဉ်သီးကြောင့် အနီရောင် ပြောင်းသွားပြီဆိုရင်တော့ ရေ ၂ လီတာခွဲထည့်ပါ။ မုန်လာဥနီ၊ ဂေါ်ဖီ၊ ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး အဖုံးအုပ်ထားကာ တစ်နာရီခန့် တည်ထားလိုက်ပါ။

၅။ တစ်နာရီပြည့်ပြီး ဆူပွက်လာတဲ့အခါ အာလူးထည့်လိုက်ပါ။ ထို့နောက် မီးအပူချိန်ကို လျော့ကာ နောက်ထပ် မိနစ် ၃၀ ခန့် တည်ပေးရပါမယ်။

၆။ သတ်မှတ်ချိန်လည်း ပြည့်သွားပြီ အာလူးလည်း နူးအိသွားပြီဆိုရင်တော့ ဆားထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

အရသာအစပ်အဟပ်တည့်သွားတဲ့အခါမှာတော့ ဟင်းသီးဟင်းရွက်စုံ ဝက်နံရိုးဟင်းချိုလေး ရရှိသွားပါပြီ။

Source : Thewoksoflife.com