အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားတဲ့အခါ ဟင်းရည်သောက်တစ်ခုခုပါတဲ့အခါ ပိုပြီးစားမြိန်တယ်ဆိုတာ အားလုံးအသိပဲမို့ ဒီတစ်ခါမှာတော့ ပူပူနွေးနွေးလေးနဲ့ အရသာရှိတဲ့ မုန်ညှင်းရွက် ဝက်သာားဟင်းရည် ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ဝ.၅ ပေါင် (အရှည်လိုက် ပါးပါးလှီးထားပါ)
  • မှို ဝ.၅ ပေါင် (ပါးပါးလှီးထားပါ)
  • အသေးစားမုန်ညှင်းရွက် အနည်းငယ်
  • ကြက်ပြုတ်ရည် (သို့) ရေ ၂ လီတာ
  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားများကို ဟင်းချက်ဝိုင်နှင့် ဆားတို့ဖြင့် သမအောင် နယ်ဖတ်ပြီးနောက် ၁၀ မိနစ်ခန့် သိပ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဝက်သားထည့်ပြီး ၄ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်လုံးထဲ ဆယ်ယူထားလိုက်ပါ။

၃။ ထိုဒယ်အိုးထဲသို့ပင် မှိုနှင့် မုန်ညှင်းရွက်တို့ထည့်ကာ ၃ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၄။ ကြက်ပြုတ်ရည် (သို့) ရေကို ထိုဒယ်အိုးထဲသို့ ဖြည်းဖြည်းချင်းစီ လောင်းထည့်ပြီးနောက် မီးပြင်းပြင်းဖြင့် တည်ထားလိုက်ပါ။

၅။ ဟင်းရည်က ပွက်ပွက်ဆူလာပါက ဝက်သားထည့်ပြီး ဆားထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၆။ ထို့နောက် ဒယ်အိုးအဖုံး ဖုံးထားကာ ၄ မိနစ်ခန့် မီးပြင်းပြင်းဖြင့် တည်ထားလိုက်ပါ။

အချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ မုန်ညှင်းရွက် ဝက်သားဟင်းရည်လေး ရရှိသွားပါပြီ။

ထမင်းစားခါနီးကျမှ ဟင်းရည်ပူပူလေးနဲ့ အရသာရှိရှိ သောက်သုံးနိုင်ပါတယ်။

Source: Spicetheplate.com