ကြက်သားနဲ့ အာလူးဆိုတာ ဘယ်လိုမှ ခွဲမရအောင် လိုက်ဖက်လွန်းလှတဲ့ တွဲဖက်ပါတနာအစားအစာနှစ်မျိုးပဲဖြစ်ပါတယ်။ ဒီလိုလိုက်ဖက်လွန်းလှတဲ့ အာလူး ကြက်သားကို ဆွေမျိုးမေ့သွားအောင် ဘယ်လိုချက်ပြုတ်ပြင်ဆင်နိုင်မလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး အလုံးကြီး ၃ လုံး (အခွံခွာပြီး အဝိုင်းလိုက် မထူမပါး လှီးဖြတ်ထားပါ)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြက်ရင်အုံသား ၈ တုံး
  • ချိစ် ၁၁၅ ဂရမ်

  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Oven ကို ၄၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။

ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် အာလူးကို သံလွင်ဆီ၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် ရောနယ်ထားလိုက်ပါ။

၂။ ထို့နောက် လင်ဗန်းပေါ်တွင် အာလူးနှင့် ကြက်သွန်နီတို့ကို တစ်လွှာချင်းစီထပ်ကာ စီထားလိုက်ပါ။

၃။ ကြက်သားများကိုလည်း ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ပါ။ ထို့နောက် အာလူးပေါ် ထပ်ထားလိုက်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ကတော့ အာလူး ကြက်သားလင်ဗန်းကို Oven ထဲထည့်ကာ ၄၅ မိနစ်ခန့် ကင်ပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အာလူးရော ကြက်သားပါ ရွှေညိုရောင် ပြောင်းသွားပြီး ကြွပ်ရွသွားပါလိမ့်မယ်။

၅။ ဒါဆိုရင်တော့ ကြက်သားတုံးများကို ပန်းကန်ပြားထဲ ဆယ်ထည့်ထားလိုက်ပါ။

အာလူးလင်ဗန်းထဲကိုတော့ ချိစ်ကို ခြစ်ပြားဖြင့် ခြစ်ထည့်လိုက်ပါ။ ထို့နောက် ထိုလင်ဗန်းကို Oven ထဲ ပြန်ထည့်ကာ ၅ မိနစ်ခန့် အပူပေးလိုက်ပါ။

ဒါဆိုရင်တော့ ကြက်ကင်လေးနဲ့ ချိစ်အရသာလေး စိမ့်ဝင်နေတဲ့ အာလူးမီးဖုတ်လေး ရရှိသွားပါပြီ။ မိမိကြိုက်နှစ်သက်ရာ အချဉ်ရည်ဖြင့် အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါတယ်။

Source: Seriouseats.com