အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ထမင်းနဲ့တွဲစားရင်လည်း အရသာရှိသလို သူ့ချည်းပဲ စားမယ်ဆိုရင်လည်း စားမြိန်တဲ့ အာလူးချောင်းကြော်ဟင်းလျာ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငရုတ်ကောင်းစေ့ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်သီးတောင့် အခြောက် ၃ တောင့်
  • ကြက်သွန်ဖြူ ၂ မြွှာ
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်းတစ်ဝက်

  • အာလူး ၂ လုံး
  • သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ဆားအနည်းငယ်
  • ငရုတ်ပွအနီနှင့် ငရုတ်ပွအစိမ်း ၄ ပုံ ၁ ပုံစီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးကို အခွံခွာပြီး ရေဆေးထည့်ကာ အချောင်းလိုက် ပါးပါးလှီးထားပါ။ ထို့နောက် ပန်းကန်လုံးအကြီးထဲ ရေထည့်ပြီးနောက် အာလူးချောင်းများကို ရေစိမ်ထားလိုက်ပါ။

ငရုတ်သီးတောင့်နှင့် ငရုတ်ပွတို့ကို ပါးပါးလှီးထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ပါးပါးလှီးထားသော ငရုတ်သီးနှင့် ငရုတ်ကောင်းစေ့တို့ထည့်ပြီး အနံ့မွှေးလာသည်အထိ မွှေပေးလိုက်ပါ။ ထို့နောက် ကြက်သွန်ဖြူထည့်ကာ ၁၀ စက္ကန့်ခန့် ဆီသတ်ပေးလိုက်ပါ။

၃။ မီးအပူချိန်ကို အနည်းငယ် ထပ်မြှင့်ပြီးနောက်မှာ အာလူးချောင်းများထည့်ပြီး ဆား၊ သကြား၊ နှမ်းဆီနှင့် ပဲငံပြာရည်တို့ထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။

၄။ နောက်ဆုံးမှာတော့ ငရုတ်ပွအနီနှင့် အစိမ်းတို့ထည့်ကာ သမအောင် မွှေပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ အာလူးချောင်းကြော်ဟင်းလျာတစ်ခွက်ရရှိသွားပါပြီ။

ထမင်းနဲ့ အတူတူ အရသာရှိရှိသုံးဆောင်နိုင်သလို သူ့ချည်းပဲ စားသုံးမယ်ဆိုရင်လည်း အင်မတန်မှ အရသာရှိတာကို မြည်းစမ်းကြည့်ရပါလိမ့်မယ်။

Source: Chinasichuanfood.com