ပါဝင်ပစ္စည်းများ

  • မျှင်ပုစွန်
  • ဆား
  • ငရုတ်သီးစိမ်း
  • ငပိ
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • သံပုရာသီး
  • မရမ်းသီးအစိမ်း
  • နံနံပင်

ပြင်ဆင်ပြုလုပ်နည်း

မျှင်ပုစွန်လေးကို ဇလုံခပ်ကြီးကြီး တစ်ခုထဲ ဇကာလေးခံပြီး ဆေးပါ ။ အထဲမှာ ရောပါလာတဲ့ ငါးသေးသေးနဲ့ အမှိုက်တွေကို တစ်စုချင်း သေချာ ရွေးဖယ်ပြီးမှ သန့်ပြီးသား ခွက်တစ်ခုထဲ ပြန်ထည့်ပါ။

ပြီးရင်တော့ အိုးကင်းတစ်ခုထဲ ထည့်ပြီး ဆားနည်းနည်းနဲ့ လှော်ပါ ။ ခြောက်ခြောက်လေး ဖြစ်တဲ့ထိ လှော်ပေးရမှာ ဖြစ်ပါတယ်။

ငရုတ်သီးစိမ်း ၊ ငပိနည်းနည်း မီးကင်ထားပေးပါ။ မီးကင်ပြီး ရလာတဲ့ ငရုတ်သီးနဲ့ ငပိနည်းနည်းကို ကြက်သွန်ဖြူ ၂ တက်လောက်ထည့်ပြီး ထောင်းပေးပါ။ ကြက်သွန်နီ ပါးပါးလှီးပြီး သေချာဆေးထားပေးပါ။

ပြီးရင်တော့ လှော်ထားတဲ့ မျှင်ပုစွန်၊ ထောင်းထားတဲ့ ငရုတ်သီး ငပိထောင်း ၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီတို့ကို ရောနယ်ပေးပါ ။ သံပုရာသီး များများ ထည့်ပေးပါ ။ အချဉ်အတွက် မရမ်းသီးအစိမ်းလေး ရောထောင်းပြီးတော့သုပ်ရင် အရမ်းစားကောင်းပါတယ်။ နောက်ဆုံးတော့ နံနံပင် နည်းနည်းအုပ်ပေး၍ အရသာရှိတဲ့ မျှင်ပုစွန်သုပ် ချဉ် ငံ စပ်လေး ရပါပြီ။

Credit: အစားအစာကမ္ဘာ