ပြင်ဆင်ချက်ပြုတ်ရလွယ်ကူပြီး အရသာရှိတဲ့ဟင်းတစ်ခွက်ပြုလုပ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ပန်းဂေါ်ဖီစိမ် ပုစွန်မွှေကြော်က စာဖတ်သူတို့အားလုံး သဘောကျမယ့်ဟင်းတစ်ခွက်ပဲဖြစ်ပါတယ်။ ပုစွန်ရဲ့ချိုချဉ်အရသာလေးက ပန်းဂေါ်ဖီစိမ်းနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ အင်မတန်အရသာရှိတဲ့ ကျန်းမာရေးနဲ့လည်း ညီညွှတ်စေမှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

• ပန်းဂေါ်ဖီစိမ်း ၁ ပွင့် (အနေတော် အတုံးလေးများ တုံးထားလိုက်ပါ)
• ပုစွန် ဝ.၅ ပေါင်ခန့်
• ခရမ်းချဉ်သီး ၁ လုံး (၈ စိပ် စိပ်ထားပါ)နှင့် ဂျင်း ၃၊ ၄ ပြားခန့်
• ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
• ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

• ခရမ်းချဉ်သီးဆော့စ် စားပွဲတင်ဇွန်း ၃ ဇွန်း
• ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
• ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
• သကြား၊ ဆားနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီ

ပြုုလပ်နည်း အဆင့်ဆင့်

၁။ ခရမ်းချဉ်သီးဆော့စ်၊ ဟင်းချက်ဝိုင်၊ ဆား၊ သကြားနှင့် ငရုတ်ကောင်းမှုန့်တို့ကို ပန်းကန်လုံးတစ်လုံးထဲတွင် သမအောင် ရောမွှေထားလိုက်ပါ။

၂။ ဒယ်အိုးထဲသို့ ရေ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး ရေ ပွက်ပွက်ဆူလာပါက သကြား၊ ဆားနှင့် ဆီတို့ထည့်ကာ မွှေပေးလိုက်ပါ။ ထို့နောက် ပန်းဂေါ်ဖီစိမ်းထည့်ပြီး ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ပြီးရင် ပန်းဂေါ်ဖီစိမ်းများကို အိုးထဲမှ ဆယ်ယူပြီး ပန်းကန်ထဲတွင် အစီအရီထည့်ထားလိုက်ပါ။

၃။ ဒယ်အိုးကို ဆီထည့်ကာ အပူပေးထားပါ။ ကြက်သွန်မြိတ်နှင့် ဂျင်းတို့ထည့်ပြီး ၁ မိနစ်ခန့် ဆီသတ်ပေးလိုက်ပါ။ ထို့နောက် အဆင့် (၁) တုန်းက ရောမွှေထားတဲ့ ခရမ်းချဉ်သီးဆော့စ်များကို ဒယ်အိုးထဲသို့ လောင်းထည့်ပြီး ၁ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ ခရမ်းချဉ်သီးထည့်ပြီး ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ တစ်ဖန် ပုစွန်များထည့်ပြီး ၂ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။ (ဆော့စ်နှင့် ပုစွန်များ သေချာပျံ့နှံ့သွားသည်အထိ ကြော်ပေးလိုက်ပါ)

၅။ ရရှိလာတဲ့ ပုစွန်ကြော်များကို ပန်းဂေါ်ဖီစိမ်းပန်းကန်ထဲသို့ ပြောင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပန်းဂေါ်ဖီစိမ်း ပုစွန်မွှေကြော်လေးကို ထမင်းနဲ့ အရသာရှိရှိတွဲဖက်စားသုံးနိုင်ပါပြီ။

Source: Spicetheplate.com