အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပင်လယ်စာချစ်သူတွေရော ဟင်းသီးဟင်းရွက်ချစ်သူတွေပါ အကြိုက်တွေ့စေမယ့် ပန်းဂေါ်ဖီစိမ်း ပုစွန်မွှေကြော် ချက်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁၂ အောင်စ (၃၄၀ ဂရမ်)
  • ပန်းဂေါ်ဖီစိမ်း ၁၀ အောင်စ (၂၈၅ ဂရမ်)
  • ကြက်ပြုတ်ရည် ၁၂၀ မီလီလီတာ (ပူနွေးနေသော နွှေးထားလိုက်ပါ)
  • သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲနှင့် ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ (ရေ စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် ရောနှောထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်ကို ရေဆေး၊ အခွံခွာထားပါ။ ပန်းဂေါ်ဖီစိမ်းကို အနေတော်အပွင့်ရအောင် လှီးဖြတ်ထားပါ။

၂။ အိုးတစ်လုံးထဲတွင် ရေ ၁ လီတာထည့်ပြီး ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ထိုကဲ့သို့ စောင့်နေချိန်မှာ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ပြုတ်ရည်၊ သကြား၊ ပဲငံပြာရည်အကြည်နှင့် အနှောက်၊ ခရုဆီ၊ နှမ်းဆီနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေထားလိုက်ပါ။

၃။ တည်ထားသော ရေက ပွက်ပွက်ဆူလာပြီဆိုရင်တော့ ပန်းဂေါ်ဖီစိမ်းထည့်ကာ စက္ကန့် ၃၀ ခန့် ထည့်ပြုတ်ပါ။ ထို့နောက် ပန်းပွင့်များကို ဆယ်ယူပြီး ရေဆေးချလိုက်ပါ။

ထိုပွက်ပွက်ဆူနေသော ရေထဲသို့ ပုစွန်များထည့်ကာ ၁၅ စက္ကန့်ခန့် ထည့်ပြုတ်ပါ။ ဒါဆိုရင်တော့ ပုစွန်က ၆၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်းခန့် ကျက်သွားပါပြီ။

၄။ ဒယ်အိုးတစ်လုံးကို အပူပြင်းပြင်းပေးပြီးနောက် ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူထည့်ကာ ဆီသတ်ပါ။ ဟင်းချက်ဝိုင်ထည့်ပြီးနောက်မှာတော့ စောစောက မွှေထားသော ကြက်ပြုတ်ရည်အရောအနှောများထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

ထိုအရည်များ ပွက်ပွက်ဆူလာပြီဆိုရင်တော့ ပုစွန်နှင့် ပန်းဂေါ်ဖီစိမ်းတို့ထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။

၅။ ထို့နောက် ပြောင်းမှုန့်အရည်များထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။ ပြောင်းရည်များ ခမ်းသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပန်းဂေါ်ဖီစိမ်း ပုစွန်မွှေကြော်လေး ရရှိသွားပါပြီ။

Source: Thewoksoflife.com