ပါဝင်ပစ္စည်းများ
- ပုစွန် ၂၀သား
- Wheat Starch ၄ဇွန်း
- ပေါက်စီဂျုံ ၃ဇွန်း
- ဆီ ၁ဇွန်း
- ရေနွေး 160ml
- ဆား
- သကြား
- ငရုတ်ကောင်း
- ကော်မှုန့်
- ဆီ
- ပြုလုပ်နည်း
ပုစွန်ကို ပါဝင်ပစ္စည်းများ နှင့် ရောနယ်ထားပါ။ ဂျုံမှုန့်များကို ရောမွှေ၍ ဆီ ၊ရေနွေး ထည့်၍ တူဖြင့် နာနာမွှေပါ။
ဂျုံသားများ ချောလာလျှင် အလုံးလေးများ လုံးထားပါ။
ဂျူံကိုပြား၍ အစာ သွတ်ကာ ပုံဖော်၍ ၁၅မိနစ် ပေါင်းလျှင် ရပါပြီ။
Credit: ချက်ကြည့်ကြစို့